Chapter (2.3)

4.7K 656 8
                                    

Zawgyi

---------

Chapter 2: ကိုယ့်ရဲ့ တစ်စားပွဲတည်းအတူထိုင်တဲ့ သူငယ်ချင်း (၃)

(၉)

အထူးပြု ဘာသာရပ်တွေ ကွဲသွားတော့၊ မစ္စတာအက်ဖ်က သိပ္ပံ ဘာသာတွဲကို ယူချိန်မှာ ကိုယ်က ဝိဇ္ဇာ ဘာသာတွဲ ။ မစ္စတာအက်ဖ် က ကိုယ့်အစ်ကိုနဲ့ အတန်းအတူတူ ဖြစ်သွားတော့တယ်။

အချိန်ကုန် သက်သာအောင် ဆိုပြီး မစ္စတာအက်ဖ်ရဲ့ အမေက သူ့ကို ကျောင်းနဲ့ နီးတဲ့ တိုက်ခန်းတစ်ခန်း ငှားပေးခဲ့တယ်။ ကိုယ့်အစ်ကိုကလည်း အဲ့ဒီ တိုက်ခန်းကို ပြောင်းနေတော့ မောင်ဥာဏ်ကြီးရှင် နှစ်ယောက်ရဲ့ အတူပေါင်းသင်းနေထိုင်မှု အစပြုတော့တာပဲ။ ကိုယ်ကလည်း အဲ့တိုက်ခန်းကို တခါတရံ သွားပြီး ကိုယ့်အစ်ကိုရဲ့ အဝတ်အစားတွေ သွားယူလျှော်ပေးရတယ်။

တစ်ခါကျတော့ ခါတိုင်းလိုပဲ ကိုယ့်အစ်ကိုရဲ့ လျှော်ရမဲ့ အဝတ်တွေ ယူဖို့ သွားတယ်။ မစ္စတာအက်ဖ်ရော၊ ကိုယ့်အစ်ကိုရော အဲ့ဒီနေ့က ည ၉ နာရီအထိ ပြန်လှန်သင်ကြားရေး အတန်း တက်ရမှာ၊ အိမ်ကို ကိုယ်ရောက်သွားတော့ ဘယ်သူမှ ရှိမနေဘူး။

ဒါပေမဲ့ ကျောင်းလည်းဆင်းရော မိုးက သည်းသည်းထန်ထန် ရွာချရော။ ကိုယ်ကလည်း ထီး ယူလာလေ့ မရှိတဲ့သူ ဆိုတော့ တကိုယ်လုံး ရွှဲရွှဲစိုကုန်တော့တာပေါ့။ အဲ့ဒီ တိုက်ခန်းမှာလည်း ဘယ်သူမှ ရှိနေမှာ မဟုတ်တော့၊ တိုက်ခန်းရောက်ရင် ရေချိုးလိုက်မယ်လို့ တွေးလိုက်တယ်၊ ရေချိုးခန်းထဲ ချိတ်လှမ်းထားတဲ့ ကိုယ့်အစ်ကိုရဲ့ တီရှပ် တစ်ထည် အလွယ် ဆွဲဝတ်လိုက်တယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်အစ်ကိုရဲ့ အခန်းထဲ စာအုပ် နည်းနည်း ဝင်ဖတ်နေခဲ့တယ်။ မိုးကလည်း သည်းနေတော့ မိုးနည်းနည်းပါးတဲ့ အထိ စောင့်ပြီးမှ ပြန်ရင် ပိုကောင်းမယ်ပေါ့။ အချိန် တော်တော်ကြာပြီးတော့ ကိုယ် လက်ထဲ ရေခွက်ကိုင်ပြီး အခန်းထဲက ထွက်လာခဲ့တယ်။ ရေထည့်တော့မဲ့အချိန်မှာပဲ ကိုယ့်နောက်က ရေချိုးခန်း တံခါးက ဘန်းခနဲ ပွင့်လာရော..

ကိုယ် လှည့်ကြည့်လိုက်တော့ .. အဲ့ဒါ မစ္စတာအက်ဖ်..

သူက အခုမှ ရေချိုးပြီးပုံနဲ့ .. သူ့ဆံပင်က ရေစက်တွေတောင် ကျနေသေးတယ်။ ဒါပေမဲ့ အဓိက အချက်က သူက ဘောင်းဘီရှည်လေးပဲ ဝတ်ထားတာ- ရေချိုးခန်းထဲက ထွက်လာတဲ့ သူ့ ကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေတယ်။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now