Chapter (2.2)

5.3K 653 30
                                    

Zawgyi

------

Chapter 2: ကိုယ့်ရဲ့ တစ်စားပွဲတည်းအတူထိုင်တဲ့ သူငယ်ချင်း (၂)

(၅)

ကိုယ်က ဂျေချိုးကို တကယ်ကြီး ကြိုက်တာ။ တစ်နှစ်တော့ သူ ကိုယ်တို့မြို့လေးကို ပရိတ်သတ်တွေနဲ့ တွေ့ဖို့ လာတယ်။ စီစဉ်သူက ကြေငြာထားတယ်၊ လက်မှတ်တွေကို ညနေ ၅ နာရီ ကျမှ ဖြန့်မှာတဲ့။ ပရိတ်သတ်တွေက နေ့လည် ၁၂ နာရီ ကတည်းက စပြီး တန်းစီနေကြပြီ။ အဝေးကြီးကတည်းက နဖူးစည်းတွေ၊ စာတမ်းတွေ ကိုင်ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ လူအုပ်ကြီးကို လှမ်းမြင်နေရပြီ။ ကြည့်ရတာ ပုရွက်ဆိတ်အုံကြီး ကျနေတာပဲ။

ကိုယ်လည်း လက်မှတ်ရဖို့ ကျောင်းပြေးမှ ဖြစ်မှာလေ၊ ဒီတော့ မစ္စတာအက်ဖ်ကို တောင်းပန်ရတော့တာပဲ။ သူက ခပ်တည်တည်ပဲ ငြင်းတယ်။

ကိုယ်ကတော့ ကျောင်းပြေးဖို့ ဆုံးဖြတ်ပြီးပြီမို့ မစ္စတာအက်ဖ် မကူညီလည်း စိတ်ထဲ မထားတော့ဘူး။ ဒါနဲ့ ကိုယ်တို့ အတန်းပိုင် ဆရာမဆီ မက်ဆေ့တစ်စောင် ပို့ပြီး၊ အသိပေးလိုက်တယ်။ ကိုယ်က ဓမ္မတာလာချိန် ကိုက်ခဲနေလို့ ဒီနေ့တော့ အိမ်ပြန်ပါတော့မယ် .. ဆိုပြီးတော့ပေါ့။

ဘယ်သူ သိနိုင်မှာလဲ .. အဲ့ဒီနေ့ ကျကာမှ ၊ ကိုယ့် အစ်ကိုကလည်း သူ့ ဆင်ခြင်တုံတရား ပြန်ရလာပြီး ကိုယ့်ကို ဆေးခွင့် ရဖို့ သူ့ဘာသူ ကူညီပေးထားမယ်လို့။ သူက ကိုယ့် အတန်းပိုင် ဆရာမကို ပြောတယ်တဲ့၊ ကိုယ်က ခြေထောက် ဒဏ်ရာရထားလို့ ဆေးရုံ သွားပြရမယ်တဲ့လေ။

(အဲ့ဒီ ဒေါသထွက်စရာကောင်းတဲ့ အစ်ကိုက နှစ် နှစ်ဆယ်ကျော်လုံး ဒီညီမလေးကို ပြသနာ ရှာတဲ့နေရာမှာ အထူးပြု ဘာသာ ယူထားသလို ဒုက္ခပေးတာပါပဲနော်)

မစ္စတာအက်ဖ်က ကိုယ့်ကို မကူညီပေးချင်သလို နေပေမဲ့၊ နောက်တော့ မနေနိုင်တော့ဘူး။ သူက အတန်းပိုင်ဆရာမဆီ ပြေးပြီး ကိုယ် ဖျားနေလို့ အိမ်ပြန်ရပါမယ် ဆိုပြီး အသိသွားပေးသတဲ့။ အတန်းပိုင် ဆရာမက ဒေါသထွက်လာရော ၊ စားပွဲကို လက်နဲ့ ဗြန်းခနဲ ပုတ်ပြီး ..

"သူက ဓမ္မတာကြောင့် ကိုက်ခဲနေလို့ အိမ်ပြန်ရမယ်လို့ ငါ့ကို ပြောတယ်။ သူ့ အစ်ကိုက သူ့ခြေထောက် ဒဏ်ရာရထားလို့ ဆေးရုံသွားပြရမယ်လို့ လာပြောတယ်။ အခု နင်ကပါ သူ ဖျားနေလို့ ဆိုပြီး လာပြောတော့၊ .. ကဲ ... ပြောစမ်းပါဦး .. သူ တကယ်ဖြစ်တာက ဘာတုန်း .."

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now