Chapter (1.1)

19.2K 1.2K 50
                                    

Zawgyi

Chapter 1: မကာရ ရာသီဖွားလေးနဲ့ ဒိတ် ရတာက ဒီလိုတဲ့လား (၁)

(၁)

ပြီးခဲ့သည့်နှစ် .. မစ္စတာ အက်ဖ် က ဂျပန်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ အချိန်၊

အွန်လိုင်းမှာ ပြန့်နေတဲ့ အကြောင်းအရာ တစ်ခုကို ကိုယ် တွေ့လိုက်တယ်။

" ညီအစ်မတို့ရေ .. ရှင်တို့ရဲ့ ချစ်ချစ်ကို စာမက်ဆေ့ ပို့ပြီး ဘယ်လို စနောက် တတ်ကြလဲ"

အဖြေတွေ ဝင်ပေးထားကြတာ ရယ်စရာ ကောင်းသား..

တိုက်တိုက်ဆိုင်ဆိုင် .. ကိုယ်ကလည်း အဲ့ဒီနေ့ကမှ ဖုန်းနံပါတ် အသစ်တစ်ခု ပြောင်းလိုက်မိတာ။

ဒါနဲ့ မစ္စတာ အက်ဖ်ကို အမည်မသိ နဲ့ မက်ဆေ့ တစ်စောင် ပို့လိုက်တာပေါ့။

(ဟေး .. ဆရာကြီး .. ခင်ဗျား .. အထူး ဝန်ဆောင်မှုလေးများ မလိုဘူးလား)

သူက စာ မပြန်ဘူးတော့။

ကိုယ် လည်း နည်းနည်း ပိုကြိုးစားတဲ့ အနေနဲ့ .. သူ့ကို နောက်ထပ် မက်ဆေ့ တစ်စောင် ပို့လိုက်ပြန်ရော..

(ရမ္မက်ဇောကြွနေတဲ့ အထီးကျန် ကြောင်ရိုင်းလေး တစ်ကောင် ရှိပါတယ်၊ လူကြီးမင်းရဲ့ အိမ်တံခါးဝထိ ပို့ပေးနိုင်ပါတယ်။ စိတ်ကျေနပ်စေဖို့ အာမခံ ပါတယ်နော်။)

ခဏနေတော့ .. သူက ကိုယ့်ကို ဖုန်းဆက်လာတယ်။ ဖုန်းလည်း ကိုင်လိုက်ရော .. စစချင်း သူ ပြောတာက..

" မင်း အိမ်မှာ တော်တော် ပျင်းနေတာလား"

ကိုယ် တော်တော်လေး အံ့သြသွားတာပဲ။

" ငါမှန်း နင် ဘယ်လိုလုပ် သိတာလဲ"

သူက ..

"မင်း တစ်ယောက်ပဲ ပျင်းရိပြီး အဲ့လို စတန့်တွေ ထွင်ဖို့ အားနေမှာလေ။"

သူက ခဏ တန့်သွားပြီးတော့မှ .. ဆက်ပြောသေးတယ်..

"ငါ သဘက်ခါ ပြန်လာမယ်။"

"အဲ့လောက် မြန်တယ်လား။ နင်တို့ အလုပ်အချိန်ဇယားအရ နောက်တစ်ပတ်မှ ပြန်လာနိုင်မှာဆို .."

"ရုတ်တရက် အစီအစဉ် ပြောင်းသွားတာ"

-

တစ်ခါကျတော့ .. သူ့အလုပ်က ရောင်းရင်းတစ်ယောက် ကိုယ်တို့ အိမ်မှာ ညစာ လာစားတယ်။ ပုံမှန်အတိုင်း စကားစမြည် ပြောကြရင်း ၊ ဂျပန်ခရီး ကိစ္စ ရောက်သွားရော ... အဲ့ဒီမှာ အဲ့ဒီ မိတ်ဆွေက ပြောတယ် ..

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now