လေးငယ်(8)(Z+U)

3.5K 382 39
                                    

အိပ်ယာအပြောင်းအရွေ့မို့ မနက်စောစော သူနိုးလာခဲ့သည်။

လေးငယ်ပြင်ထားပေးသည့် အိပ်ယာလေးက နွေးထွေးလှသည်မို့ မထ'ချင်သေး၍ ဖုံစောင်ကို နားရွက်ဖုံးသည်အထိ ဆွဲခြုံထားလိုက်ပါသည်။

သူ့လက်တစ်ကမ်းမှာ လေးငယ်ရှိနေသည်.. အဲ့ဒါက အိမ်မက်မဟုတ်တဲ့ အမှန်တရား....သူက လေးငယ်ရဲ့ တရားဝင်ခင်ပွန်း ဖြစ်သွားခဲ့ပြီတဲ့...

အတွေးကြောင့် သူ၏မျက်နှာပေါ်၌ ကြီးမားသည့် အပြုံးကြီး ဖြစ်တည်လာခဲ့သည်။

ကုတင်ပေါ်ကို လှမ်းကြည့်မိတော့... လေးငယ်က အိပ်မောကျနေဆဲပင်...

နဖူးပေါ်ဝဲကျနေတဲ့ လေးငယ်ရဲ့ဆံပင်လေးတွေကို သပ်တင်ပေးချင်မိတယ်...

ပြီးတော့ ထူတန်းနေသည့် မျက်ခုံးမွှေးထူထူလေး...

တိုစိတ်စိတ် မျက်တောင်မွှေးလေးတွေနဲ့ ဝန်းရံထားတဲ့ လခြမ်းကွေးလေးလို မျက်ဝန်းတစ်စုံ...

နှာတံစင်းလုံးလုံးလေး... ပြီးတော့...

ကြည့်နေရင်း လေးငယ်က လှုပ်လှုပ်ယွယွဖြစ်လာသဖြင့် သူပြန်ပြီး အိပ်ချင်ယောင်ဆောင်ထားလိုက်ပါသည်။

လေးငယ်က အိပ်ချင်မူးတူး စူတူမူတင်ဖြင့် ထထိုင်ကာ ရေချိုးခန်းထဲ ဝင်သွားခဲ့ပါသည်။

သူလည်း လေးငယ်ထသွားသည်နှင့် ကပျာကယာထကာ သူ့အိပ်ယာနှင့်အတူ လေးငယ်အိပ်ယာကိုပါ ခေါက်သိမ်းပေးလိုက်ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~

ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာတော့အခန်းထဲ၌ လေးငယ်မရှိတော့ပါ...

သူလည်း ကျောင်းသွားရန်ပြင်ဆင်ပြီး ကျောပိုးအိတ်လေးကိုလွယ်ကာ အိမ်ပေါ်ထပ်မှ ဆင်းလာခဲ့ပါတော့သည်။

''Mornee...သားJong...!''

''Mornee...အန်တီ..!''

''လာလေ Kim Jongin..! မနက်စာစားမယ်...''

''လေးငယ်ရော အန်တီ...!''

''ဆိုင်သွားပြီလေသား...! ဒီနေ့ နိုင်ငံခြားဧည့်သည်လာမှာဆိုလား...! သားကို မပြောသွားဘူးလား...''

လေးငယ်(လေးငယ်)(completed)Tempat cerita menjadi hidup. Temukan sekarang