လေးငယ်(45)(Z+U)

3.4K 344 65
                                    

ညစာစားထားသည့် အိုးခွက်ပန်းကန်များကို သိမ်းဆည်းနေစဉ် ဘောင်းဘီအိတ်ထဲ ထည့်ထားသည့်ဖုန်းမှ meessageဝင်လာသဖြင့် Jonginထုတ်ကြည့်လိုက်ပါသည်။

ထူးထူးဆန်းဆန်း လေးငယ်ဆိုင်မှ မင်ဝူက သူ့ဆီသို့ ဓါတ်ပုံပို့ခြင်းဖြစ်သည်။

ဘာပုံတွေပါလိမ့်...

စိတ်ဝင်စားမိသဖြင့် ကြည့်လိုက်တော့... သူ့ခေါင်းတွေ ချက်ချင်းမတ်တပ်ကြီးလာပြီး ရင်ခုန်သံတွေ မြန်လာခဲ့ပါသည်။

မင်ဝူပို့လာတဲ့ပုံတွေက လေးငယ်နဲ့ Park Chanyeolရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဓါတ်ပုံတွေ...

လေးငယ်က ဒီနောက်ပိုင်း သူ့ကိုမပေးတော့သည့် အပြုံးပန်းတွေကို Park Chanyeolအား ဝေဝေဆာဆာ ပျူပျူငှာငှာ အားပါးတရပေးကမ်းနေပါသည်။

မြွေမြွေချင်း ခြေမြင်သည်ဟုပဲ ပြောရမလား... Park Chanyeolရဲ့ မျက်ဝန်းထဲမှ သံယောဇဉ်လက်ကျန်တွေကို သူမြင်နေရသည်။

ဘာတွေလဲ လေးငယ်ရယ်... ခင်များ ဘာတွေဖြစ်နေတာလဲ...

အတွေးတို့နဲ့ ယောက်ယက်ခတ်နေစဉ် မင်ဝူဖုန်းခေါ်လာသည်။

''ဟဲလို မင်ဝူ...''

|ဓါတ်ပုံတွေ ကြည့်ပြီးပြီလား အစ်ကိုလေး...|

''အွန်း....''

|အစ်ကိုလေးတို့အိမ်ထောင်ရေးကို ကျွန်တော်နားမလည်ပါဘူး...! ဒါပေမဲ့ သူဌေးကို ဒီအတိုင်း မလွှတ်ထားပါနဲ့လို့ ကျွန်တော်ပြောချင်တယ် အစ်ကိုလေး...|

မင်ဝူရဲ့စကားကို ဘာပြောလို့ ပြောလိုက်ရမှန်းမသိ...

''ကျေးဇူးပါမင်ဝူ...ဒါပဲနော်... အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်... ကိုယ်တို့အိမ်ထောင်ရေးက အေးဆေးပါပဲ...! အားလုံးအိုကေပါတယ်..''

|အဲ့ဒါဆို ဒါပဲနော် အစ်ကိုလေး... ဖုန်းချလိုက်ပြီ...|

မင်ဝူက သတိပေးစကားဆိုပြိး ဖုန်းချသွာခဲ့ပါသည်။ သူဘာဆက်လုပ်ရမလဲ... သေချာတာတစ်ခုတော့ရှိသည်။

သူလေးငယ်ကို အဆုံးရှုံးမခံနိုင်

သိမ်းဆည်းစရာများကို အလျင်အမြန်သိမ်းဆည်းလိုက်ပြီး အိမ်ပေါ်ထပ် လိုက်တက်လာခဲ့ပါသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now