လေးငယ်(9)(Z+U)

3.6K 391 52
                                    

လေးငယ်က ညဆယ်တစ်နာရီခွဲမှ ဆိုင်ကပြန်လာသည်။

ထုံးစံအတိုင်း သူ့ကို တစ်ချက်လေးပင်လှမ်းမကြည့် အဖက်မလုပ်ပဲ အဝတ်အစားလဲနေပါသည်။

''ဘာမှမကြောက်နဲ့'

''လေးငယ်ကို ဖက်စရာရှိရင် ဖက်ပစ်လိုက်!''

''နမ်းစရာရှိလည်း ဆွဲစပ်နမ်းပစ်လိုက်...!''

''သူဘယ်သူ့မှ သွားတိုင်လို့မရဘူး...''

'' ဆဲလို့ဆူလို့လည်းမရဘူး...!''

Baekhyunရဲ့ အားပေးစကားတွေက နားထဲမှာ ပြန်လည်ကြားယောင်နေပါသည်။

ဟုတ်တယ်... လေးငယ်က ငါ့အပိုင် ငါချစ်လို့ယူထားတဲ့ ယောက်ျား...!

''နောက်ကျလိုက်တာ လေးငယ်ရယ်...''

လေးငယ်ရဲ့ခါးကို အနောက်မှသွားဖက်တော့ လေးငယ်က လန့်တုန်သွားသည်။

''မင်း..! မင်းဘာလုပ်တာလဲ Kim Jongin... ဖယ်စမ်း! ငါမကြိုက်ဘူးနော်...''

''ကျွန်တော်ကြိုက်တယ် လေးငယ်...!''

''မင်းကို ဟိုကောင်လေး မြှောက်ပေးလိုက်ပြန်ပြီမလား... ဖယ်စမ်း! Kim Jongin...!''

သူ့လက်ကို အတင်းဆွဲဖြုတ်နေတဲ့ လေးငယ်ကြောင့် မလွှတ်ချင်လွှတ်ချင်ဖြင့် သူလွှတ်ပေးလိုက်ရသည်။

''လေးငယ် တစ်ခုခုကို အထင်လွဲနေတယ်ထင်တယ်...''

''ဘာလဲ? ငါကဘာကိုအထင်လွဲရမှာလဲ...''

''ကျွန်တော် လေးငယ်ကိုချစ်တယ်...''

''ငါလည်းမင်းကိုချစ်တာပဲလေ...Kim Jongin...''

''မဟုတ်ဘူး..! ကျွန်တော်လေးငယ်ကိုချစ်တာက Baekhyunက လေးငယ်ကိုချစ်တဲ့အချစ်မျိုးမဟုတ်ဘူး...!''

''ကဲ... ငါလည်းပင်ပန်းနေပြီ...Kim Jongin! အိပ်တော့မယ်...! မင်းလည်းအိပ်တော့ မနက်ဖြန် ကျောင်းသွားရမှာမလား...''

''လေးငယ်...!''

''မင်းနဲ့ငါ တနေ့ကွာရှင်းမှာ Kim Jongin.... ရောလို့မရတဲ့အရာတွေကို ရောထွေးမပစ်နဲ့...! မင်းကိုလက်ထပ်ခဲ့တယ်ဆိုတာလည်း ဒီပြဿနာကို အရင်းစစ်အမြစ်လှန်လိုက်ရင် သားBaekရဲ့ ပယောဂ မကင်းလို့... ပြီးတော့ ဝေးဝေးနေမှ တစ်ခါပြန်လာတဲ့ ငါ့အစ်မ စိတ်ဆင်းရဲရမှာစိုးလို့...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now