လေးငယ်(14)(Z+U)

4.1K 379 44
                                    

ဒိုင်ယာရီသုံးအုပ်နီးပါး သူနဲ့ပတ်သက်သည့် သေးသေးမွှားမွှားအကြောင်းလေးကအစ ထည့်ရေးထားသည်။

ဥပမာ သူတို့အိမ် သွားလည်တဲ့အခါ အင်္ကျီကဘာအရောင် ဘောင်းဘီက ဘာတံဆိတ်ကို ဘယ်လိုအရောင်လေး ဝတ်လာတယ်...

ဘယ်အချိန်ရောက်လာပြီး ဘယ်အချိန်ပြန်သွားတယ်...

ဘာစကားတွေပြောကြတယ်...စသည်... အသေးစိတ်ထည့်ရေးထားသည်။

ယုတ်စွဆုံး သူ့ရဲ့ခြေအိတ်အရောင်ပင် ရေးမှတ်ထားပါသည်။

စာကြောင်း အဆုံးတိုင်း အဆုံးတိုင်းမှာ ချစ်တယ်လေးငယ်...ဆိုသည့် အဆုံးသတ်လေးက မပျက်မကွက်...

လူတစ်ယောက်က လူတစ်ယောက်ကို အဲ့ဒီလောက်ထိ ချစ်နိုင်တယ်တဲ့လား...

အမှန်အတိုင်း ဝန်ခံရရင် ထိုကလေးရဲ့ ဒိုင်ယာရီတွေဖတ်ပြီး သူ့စိတ်တွေ အနည်းငယ် လှုပ်ရှားသွားခဲ့တာဝန်ခံပါသည်။

ပြီးတော့ ကံကြမ္မာစီစဉ်သည့်အတိုင်း သူ့ရဲ့အိမ်ထောင်ဘက်လည်း ဖြစ်နေခဲ့ပြီပဲ...

တနေ့နေ့တချိန်ချိန်တော့ ဒီကလေးရဲ့အချစ်တွေကို သူခံစားလို့ရလာမှာပါ...

ဟုတ်တယ်မလား....

°~°~°~°~°~°~°~°~°~°~°~°~

''Zkdlin IG accountပိုင်ရှင် Kim Jonginနော်...''

ကျောင်းဝန်းထဲကထွက်အလာ သူ့ကိုလာမိတ်ဆက်သည့်လူရည်သန့်အမျိုးသားတစ်ဦးကြောင့် သူအံ့အားသင့်သွားပါသည်။

''အာ____ဟုတ်! ကျွန်တော်က Zkdlin accountပိုင်ရှင် Kim Jonginပါ...''

''ကိုယ်က တောင်ကိုရီးယားရဲ့ နာမည်ကြီး အေဂျင်စီတစ်ခုဖြစ်တဲ့ JI Entertainmentက လက်ထောက်မန်နေဂျာ... JooSehoပါ.. ဒီမှာ ကိုယ့်ရဲ့လိပ်စာကဒ်''

မန်နေဂျာဆိုသည့်လူကြီး ကမ်းပေးသည့် ကြွေရောင်တောက်နေသော အဖြူရောင် လိပ်စာကဒ်လေးကို သူလှမ်းယူလိုက်ပါသည်။

''ဟုတ်...ကျွန်တော် ဘာကူညီပေးရမလဲ...''

''ကိုယ်တို့ အေးအေးဆေးဆေးစကားပြောလို့ရမလား...''

''ဟို....''

''အချိန်အများကြီးမယူပါဘူး... ခဏလေးပါပဲ...ဟိုမှာဦးလေးကား....''

လေးငယ်(လေးငယ်)(completed)Dove le storie prendono vita. Scoprilo ora