အပိုင်း(၉၉)သရုပ်မှန် ပေါ်ပေါက်ခြင်း

2.4K 88 1
                                    


အပိုင်း(၉၉)သရုပ်မှန် ပေါ်ပေါက်ခြင်း

စုလောရွှယ်၏ စိတ်ရှည်လက်ရှည် ရှင်းပြမှုအဆုံးတွင် ကျန်းရီသည် အခြေအနေတစ်ခုလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူသည် နားထောင်နေစဉ်တွင် စိတ်လှုပ်ရှားနေခဲ့သည်။

သူရှေးဟောင်းသမိုင်းဝင်အထိမ်းအမှတ် ခန်းမကို သွားခဲ့သော နေ့က စိတ်ထဲတွင် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်ဟု ထင်နေခဲ့သော်လည်း အရာရာသည် ဝိုးတဝါးသာ ဖြစ်သည်။ သူသည် သတ်ဖြတ်ခြင်းတာအိုကို သဘောပေါက်သွားလိမ့်မည်ဟု ကိုယ့်ကိုယ်ကို မျှော်လင့်မထားခဲ့ပေ။ သူသည် ကြောက်စရာအကောင်းဆုံး အခြေအနေတွင် ထိုအရာကိုသုံး၍ နတ်ဆိုးသားရဲကိုတောင် သတ်လိုက်သေးသည်။

စုလောရွှယ်၏ စကားအရဆိုလျှင် သူသတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လိုက်သည်နှင့် နတ်ဆိုးသားရဲကြီးသည် လှုပ်တောင်မလှုပ်ဝံ့ဘဲ သူသတ်သည်ကို အလွယ်တကူ ငြိမ်ခံနေခဲ့သည်ဟု ဆိုသည်။ ကျန်းရီသည် သူလုပ်ခဲ့သည့်အရာနှင့် အင်အားကြီးသော ရေခဲသားရဲကြီးမှာ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါအား အဘယ့်ကြောင့် ကြောက်လန့်သွားရသည်ကို မသိတော့ပေ။

သူ့စိတ်ထဲမှ ဝိုးတဝါးအသိဥာဏ်တို့နှင့် ပေါင်းစပ်ကြည့်လိုက်သော် ကျန်းရီသည် သတ်ဖြတ်ခြင်းတာအိုအား သူသဘောပေါက်သွားကြောင်း သေချာသွားခဲ့သည်။ သို့သော် ထိုအရာအား မည်သို့ အသုံးချရမည်ကို သူမသိသေးပေ။

"ကျန်းရီ!"

ကျန်းရီသည် အတွေးရေယာဉ်ထဲတွင် နစ်မျောနေရာမှ စုလောရွှယ်၏ အော်သံကြောင့် အသိဝင်လာခဲ့သည်။ သူသည် စုလောရွှယ်ကို လှည့်ကြည့်လိုက်သည်။ စုလောရွှယ်သည် အလေးအနက် စကားပြောလာခဲ့သည်။

"ငါက တခြားလူတွေကို နတ်ဆိုးသားရဲကို သတ်လိုက်တာ ငါလို့ ပြောလိုက်တာ မင်းရဲ့ ဆုကြေးတွေကို လိုချင်လို့မဟုတ်ပါဘူး...မင်းကို ကူညီပြီး ဖုံးကွယ်ပေးထားချင်လို့ပါ...မင်းလည်း သိမှာပါ...တစ်ယောက်ယောက်သာ မင်း သတ်ဖြတ်ခြင်းတာအိုကို သဘောပေါက် နားလည်သွားမှန်းသိရင် မင်းအတွက် အန္တရာယ် ရှိနေပြီဆိုတာ...ဒါကြောင့် မင်းကိုယ်မင်း ကာကွယ်ဖို့ အင်အား အလုံအလောက် မရှိသေးရင် ဒါကို လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ ပြောမပြတာ အကောင်းဆုံးပဲ...နားလည်လား?"

ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)Where stories live. Discover now