part23

10.9K 752 12
                                    

Unicode& Zawgyi

(Zawgyi )

နောက်တစ်နေ့တွင် Xiao Zhan ဆေးရုံက ဆင်းခဲ့သည်... Wang Yi Bo ရော Xiao Zhan ပါ အိမ်သို့ မပြန်ဘဲ အပန်းဖြေစံအိမ် သို့ တန်းသွား ခဲ့သည်....သူတို့ ရောက်ချိန်တွင် မှောင်ရီပျိုးနေပြီ ဖြစ်သည်...

"ကိုကို...ညစာ စားတော့မလား..."

Wang Yi Bo မေးလိုက်သည်

"အင်း....ဝမ်လေး ချက်ကျွေးမှာလား...."

"ဒါပေါ့...ကိုကို စားချင်တာသာ ပြော....."

"ဝမ်လေး...ပဲ အဆင်ပြေမယ်ထင် တာ ချက်လိုက် ကိုကို မစဉ်းစားတတ်တော့ဘူး..."

"အင်း...."

"ဝမ်လေး..."

"ပြောလေ....  ကိုကို "

"ဝမ်လေး အလုပ်မသွားတာ ကြာနေပြီ.....ကုမ္ပဏီကို ဒီတိုင်းပစ်ထားတော့မလို့
လား..."

Xiao Zhan မေးလိုက်သည် ...

"ကျန်းချန် ရှိတယ်လေ...."

Wang Yi Bo ဟင်းချက်နေရင်း ပြန်ဖြေလိုက်သည်

"ကျန်းချန် ဆိုတာက.... "

"ကျွန်တော့် သူငယ်ချင်း နောက်နေ့ကျမှ ကိုကိုနဲ့ မိတ်ဆက်ပေးမယ်... "

"ဒါပေမယ့် သူငယ်ချင်း ကို အပ်ထားတာနဲ့စာရင် ဝမ်လေး ကိုယ်တိုင် ရှိနေတော့ ကောင်းတာပေါ့..."

"ကျွန်တော့် အတွက် ကိုကို က အရေးကြီးဆုံး
နံပါတ်တစ်ပဲ...ကျန်တာ ကျန်းချန် ကြည့်စီစဉ်လိမ့်မယ်...."

"ဝမ်လေးမှာ အခုလို ယုံကြည်ရတဲ့သူငယ်ချင်း ရှိလာတာ ကိုကို ဝမ်းသာတယ်...."

"အဲဒါ ထားလိုက်တော့ ....ကိုကို ဒါလေး မြည်းကြည့် ဘယ်လိုလဲ စားကောင်းလား....."

"အင်း ဝမ်လေး ချက်သမျှ စားကောင်းတယ်... "

Xiao Zhan နဲ့ Wang Yi Bo တို့ ညစာ
စားပြီးနောက် ဧည့်ခန်း ထဲ မှာ ထိုင်ရင်း စကားပြောနေသည်.....

"ဒီး... ဒီး...ဒီး..."

Wang Yi Bo သူ့ဖုန်း လာ၍ ကိုင်လိုက်သည်

"Yi Bo ပြသနာ တက်ပြီ...."

တစ်ဖက်က ပြန်ဖြေသူက ကျန်းချန်...

Fall in love(completed )Where stories live. Discover now