part7

11.6K 854 8
                                    

Unicode&Zawgyi

(Zawgyi)

Wang Yi Bo အိပ်​ယာမှနိုးလာ​သောအခါ
Xiao Zhan ကိုရှာ​သော်​လည်းမ​တွေ့​ပေ..

"ဦးဦး ဟန်​ ...ကိုကို​ရော..."

"သခင်​​လေးဝမ်​...သခင်​​လေး​ရှောင်း က ကုမ္ပဏီ ကိုသွားပြီ...."

အိမ်​​တော်​ထိန်း ဟန်​ ​ပြောလိုက်​သည်

"အရင်​တုန်းက ဆို ကိုကိုက ကျွန်​​တော့်​ နဲ့မနက်​စာ အတူစားပြီးမှ သွားတာကို...."

Wang Yi Bo ​ပြောလိုက်​သည်​...

"သခင်​​လေး​ရှောင်းက ကုမ္ပဏီ မှာ အ​ရေးကြီးကိစ္စရှိလို့ပါ....ဒါ​ကြောင့်​ သခင်​​လေးဝမ်​နဲ့အတူ မနက်​စာ မစား​ပေးနိုင်​​တော့တာ...ဒါ​ကြောင့်​မို့ စိတ်​မ​ကောင်းမဖြစ်​နဲ့​နော်​..."

"ဦးဦး ဟန်​ ကိုကို က ကျွန်​​တော့်​ ကို မလို ချင်​​တော့ဘူး လားဟင်​...."

Wang Yi Bo မျက်​ဝန်းတို့တွင်​ မျက်​ရည်​တို့တွဲလွဲခို​လျှက်​​မေးလိုက်​သည်​...

"မဖြစ်​နိုင်​တာ သခင်​​လေးဝမ်​ ကို
သခင်​​လေး​ရှောင်းက ဒီ​လောက်​ချစ်​တာ ဘာလို့မလိုချင်​​တော့ရမှာလဲ....."

အိမ်​​တော်​ထိန်း ဟန်​ Wang Yi Bo ကို မနည်း​ချော့​နေရသည်​....

ထို့​နေ့မှစ၍​နောက်​ရက်​​တွေမှာလည်း ..
Xiao Zhan နဲ့ Wang Yi Bo တို့မ​တွေ့ဖြစ်​​ပေ..

Wang Yi Bo အိပ်​ယာနိုးလာချိန်​တွင်​ Xiao Zhan ကုမ္ပဏီ သို့သွားပြီဖြစ်​သည်​ ..

Xiao Zhan ပြန်​လာ​သောအချိန်​တွင်​ Wang Yi Bo မှာ အိပ်​​နေပြီဖြစ်​သည်​ ....

"ကိုကို့ မျက်​နှာကိုမ​တွေ့ရတာ ​တော်​​တော်​ ကြာပြီ..
ဒီ​နေ့ည​တော့ ကိုကိုပြန်​လာတဲ့အချိန်​ထိ မအိပ်​ပဲ ​စောင့်​ ရမယ်​ ...."

Wang Yi Bo ထိုသို့​တွေးပြီး Xiao Zhan ပြန်​အလာကို​စောင့်​​နေသည်​ ....

သို့​သော်​ Wang Yi Bo အိပ်​​ပျော်​သွားခဲ့သည်
Wang Yi Bo သူ့နဖူး​ပေါ်သို့ ​​လေ​ငွေ့​နွေး​နွေးကိုခံစားမိ၍နိုးလာသည်​..

Xiao Zhan မှWang Yi Bo ၏ နဖူးကိုငုံ့ကာ နမ်းလိုက်​ခြင်းဖြစ်​သည်​....

Fall in love(completed )Where stories live. Discover now