part14

10.4K 831 6
                                    

Unicode&Zawgyi

(Zawgyi )

"ကိုကို... သတိရလာတာနဲ့တင်.... ကျွန်တော့် အတွက် ပြည့်စုံပြီ... ကိုကို....."

Wang Yi Bo ထိုသို့တွေးရင်း...
Xiao Zhanကို ဖက်ထားသည်...

"ကိုကို...ကျွန်တော်.. ကိုကို သတိရလာမယ့်နေ့ကို စောင့်နေတာ....အခု အရမ်းပျော်တယ် ကိုကို..."

Wang Yi Bo ပြောလိုက်သည်....

"ဟုတ်ပါပြီ...ကိုကို့ရဲ့ ဝမ်လေးက...တကယ်ကို လူကြီးဖြစ်လာပြီပဲ...ကိုကိုတောင် မမှတ်မိဘူးဖြစ်သွားတယ်..."

"ကိုကို ဗိုက်ဆာနေလားဟင်....ဘာစားမလဲ..."

"လူနာက အခုမှ သတိပြန်ရကာစမို့ အပြင်အစားအသောက် တွေ စားလို့ မရသေးဘူး.."

ဆရာဝန်က ဆေးစစ်ပေးရန်လာရင်း Wang Yi Bo ပြောသည်ကို ကြား၍ပြောလိုက်သည်...

"ဒါဆို.. ကိုကို့ကို ဘာကျွေးရမှာလဲ....."

Wang Yi Boဆရာဝန်ကို မေးလိုက်သည်

"ဆန်ပြုတ် ပဲ အခုလောလောဆယ် ကျွေးပေးပါ...."

ဆရာဝန်က ပြန်ဖြေသည်.....

"ကိုကို...ခဏ စောင့်နေနော်.."

Wang Yi Bo ထိုသို့ပြောကာ အလျှင်အမြန် ထွက်သွားသည်...

"ဥက္ကဋ္ဌ ရှောင်းရဲ့ ညီလေးက တော်တော် ချစ်တယ်နော်....
ကျွန်တော် မှတ်မိသေးတယ်....လွန်ခဲ့တဲ့ ၅နှစ်က....ဥက္ကဋ္ဌ ရှောင်းကို ခွဲ စိတ်ပြီးတဲ့နောက်မှာ
ဥက္ကဋ္ဌ ရှောင်းရဲ့ ခုတင်ဘေးမှာပဲ အစားလည်းပုံမှန်မစား
အိပ်လည်း မအိပ်ပဲ ဥက္ကဋ္ဌရှောင်း သတိရလာမယ့်..အချိန်ကို စောင့်နေတာ...နောက်ဆုံး သူ အားပြတ်ပြီး...မေ့လဲတဲ့အထိ တောင်ဖြစ်ခဲ့တာ...."

ဆရာဝန်က Xiao Zhan ကို ဆေးသွင်းပေးရင်း
ပြောနေသည်

"ဦးလေးဟန်...ကျွန်တော် သတိမေ့နေတဲ့ အတောအတွင်း ဘာတွေ ဖြစ်ခဲ့တာလဲ..."

Xiao Zhan ဆရာဝန် ထွက်သွားသောအခါ
အိမ်တော်ထိန်း ဟန်ကို မေးလိုက်သည်...

"သခင်လေး ရှောင်း...အခု မသိချင်ပါနဲ့ ဦး....
အေးအေး ဆေးဆေး အနားယူပါ....."

အိမ်တော်ထိန်း ဟန်ပြန်ဖြေလိုက်သည်

"ပြောပြပါ...ဦးလေးဟန်... ဘာတွေဖြစ်ခဲ့လို့...
ဝမ်လေး ရဲ့ မျက်လုံး ထဲမှာ ရက်စက်မှုတွေကိုမြင်နေရတာလဲ...."

Fall in love(completed )Where stories live. Discover now