part15

10.7K 822 5
                                    

Unicode &Zawgyi

(Zawgyi )

"ကိုကို များများစား....ဒါမှ ကိုကို မြန်မြန် အားပြည့်မှာ..."

Wang Yi Bo ပြောလိုက်သည်....

"အင်းပါ...."

Xiao Zhan ပြန်ဖြေလိုက်သည်....

"ကိုကို...သိလား.. ကျွန်တော်..ကိုကို သတိမေ့နေတုန်းက ကိုကို ပြန်မဖြေပေးနိုင်မှန်း သိပေမယ့်..ကိုကို ကျွန်တော် ပြောတာကို ကြားရင် ကျိန်းသေ သတိရလာမယ်လို့...ယုံကြည်ခဲ့တာ...
ကျွန်တော့်...ယုံကြည်ချက် မှန်တယ်...."

Wang Yi Bo ပြုံးရယ်ရင်း ပြောလိုက်သည်

"ဒီလို ပုံစံလေးက အရင်တုန်းက ဝမ်လေးအတိုင်းပဲ..."

Xiao Zhan တွေးလိုက်သည်... ထို့နောက်

"ချစ်ဖို့ကောင်းလိုက်တာ...."

Xiao Zhan.. Wang Yi Bo ပါးတစ်ဖက်ဆွဲဖျစ်ရင်းပြောလိုက်သည်....

"ဝမ်လေး...ပါးက အရင်လို ဖျစ်မကောင်းတော့ဘူး..
ကိုကို့ ဝမ်လေးရဲ့ ပါးဖောင်းဖောင်းလေး တွေရော ဘယ်ရောက်သွားပါလိမ့်...."

Xiao Zhan အနည်းငယ် မျက်နှာ နှိုးငယ်စွာ ပြောလိုက်သည်

"ကိုကို....ကျွန်တော့် ပါး ဖောင်းဖောင်းလေး တွေ မရှိတော့တာနဲ့ ကိုကိုက မချစ်တော့ဘူး လား..."

Wang Yi Bo ငိုတော့မည့် မျက်နှာနဲ့ မေးလိုက်သည်

"မဟုတ်တာ... ကိုကို...ဝမ်လေးကို မချစ်တော့ဘူး...ဆိုတာ ဖြစ်နိုင်ပါ့မလား....ကိုကိုက ဝမ်လေးကို စတာ....."

Xiao Zhan ပြန်ဖြေလိုက်သည်

"ကိုကို...ကိုကိုလမ်းပြန်လျှောက်နိုင်တဲ့အခါ ကျရင်
ကျွန်တော် သွားချင်တဲ့နေရာတွေကို ကိုကို လိုက်ပို့ရမယ်နော်..  "

"လိုက်ပို့မှာပေါ့...."

"ကိုကို...အိပ်တော့မလား....."

"အင်း..."

"Goodnight....ကိုကို..."

Wang Yi Bo ထိုသို့ ပြောပြီး...ကိုယ်ကို ကိုင်းကာ...Xiao Zhan ၏ နဖူးကို နမ်းဖို့ပြင်လိုက်သည်...သို့သော်

"ဝမ်လေး...."

Xiao Zhan သူ၏ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရင်း Wang Yi Bo ကို ခေါ်လိုက်သည်

Fall in love(completed )Waar verhalen tot leven komen. Ontdek het nu