part4

13.2K 986 15
                                    

Unicode &Zawgyi

(Unicode)

"သူငယ်​ချင်​း ....မလိုချင်​ဘူး...ကိုကို့...ကိုပဲလိုအပ်​တာ "

"မဟုတ်​​သေးဘူး​လေ.. ဝမ်​​လေးရဲ့.. သူငယ်​ချင်​း ဆိုတာ လိုအပ်​တယ်​..."

"ကိုကို့မှာ​ရော သူငယ်​ချင်​း ရှိလား..."

"ရှိတယ်​..."

"ဒါဆို ကျွန်​​တော်​ လည်​း သူငယ်​ချင်​း ရှိ​အောင်​လုပ်​မယ်​ ...." Wang Yi Bo ​ပြောလိုက်​သည်​

Xiao Zhan ....Wang Yi Bo ကို​ချော့ပြီး
​ကျောင်​းကိစ္စ​မေးရန်​ ဦး​လေး ဟန်​ ဆီကို ထွက်​လာခဲ့သည်​...

"ဦး​လေး ဟန်​.."

"သခင်​​လေး..."

"ဒီ​နေ့ ဝမ်​​လေးရဲ့ ​ကျောင်​းအပ်​တာအ​ခြေအ​နေ ဘယ်​လိုရှိလဲ ...."

"​သခင်​​လေးဝမ်​...က အတန်​း​တော်​​တော်​ ​နောက်​ ကျ​နေတာ သူနဲ့ ရွယ်​တူတွေနဲ့ အတန်​းတူ တက်​ခိုင်​းဖို့က
မဖြစ်​နိုင်​​သေးဘူး....အဲ့ဒါ ​ကြောင်​့ ​ကျောင်​းအုပ်​က
သူ့ ကို သပ်​သပ်​ သင်​​ပေးဖို့ လုပ်​ထားတယ်​..."

"ဒါလည်​း အဆင်​​ပြေပါတယ်​......ဦး​လေး ဟန်​ လည်း​ပင်​ပန်​းသွားရပြီ ..."

"မပင်​ပန်​းပါဘူး ..သခင်​​လေး...​ပျော်​​နေဖို့ပဲ လို
တာပါ ..."

"​ကျေးဇူးတင်​ပါတယ်​ ဦး​လေး ဟန်​..."

"ဒါ ဦး​လေးဟန်​ လုပ်​ရမယ်​့အရာပါ...သခင်​ကြီးတို့ရဲ့ ​ကျေးဇူး က ဦး​လေး တို့ မိသားစု အ​ပေါ်မှာ အများကြီး.. ...ဒါ​ပေမယ်​့ သခင်​ကြီးတို့ကို ​ကျေးဇူး
မဆပ်​နိုင်​လိုက်​ဘူး....ဒါ​ကြောင်​့ သခင်​​လေးကို ​တော့ ဦး​လေး ဟန်​ တတ်​နိုင်​သ​လောက်​ ဂရုစိုက်​​ပေးပါ​စေ.".

"​ကောင်​းပါပြီ.. ...
ကျွန်​​တော်​ လည်​းအနားယူ​တော့မယ်​.....ဦး​လေး ဟန်​​ လည်​း နား​တော့​လေ..."

"ဟုတ်​ကဲ့ သခင်​​လေး...."

Xiao Zhan​ပြောပြီး လှည်​့ထွက်​လာသည်​...

"​သြော်​....​မေ့​တော့မလို့ ......သခင်​​လေး​ရှောင်​း...
မနက်​ဖြန်​ သခင်​​လေး ဝမ်​ရဲ့​မွေး​နေ့တဲ့.....​နေ့ခင်​းက
လိုအပ်​တာလိုက်​်​ဝယ်​​ပေးရင်​း ​မေးကြည်​့လိုက်​တာ..."

Fall in love(completed )Where stories live. Discover now