Unicode&Zawgyi
(Zawgyi )
"မကောင်းဆိုးဝါး ကောင် ..... "
ရှောင်းဟိုင်...သူ့ရုံခန်းကို ပြန်ရောက် လာပြီး ကတည်းက ပစ္စည်း တွေကို ဝုန်းဒိုင်းကျဲ ကာ လွှင့်ပစ်နေသည်.....
"ငါ အဲဒီတုန်း က သက်သေ တွေ အကုန် ဖျက်ဆီးပြီးပြီ.... ဘာလို့ အဲ့ကောင်က တွေ့သွားတာလဲ.... သူရှာတွေ့ထားတယ် ဆိုတဲ့ သက်သေ က ဘာလဲ....ငါ့ကို မဖြစ်စလောက် သက်သေ လေးနဲ့ လာပြီး ခြိမ်းခြောက်လို့ရမလား...
Wang Yi Bo မင်းက အိပ်နေတဲ့ ကျားကို နိုးလိုက်တာပဲ....."ရှောင်းဟိုင် သူ့ ကိုယ်သူ ရေရွတ်ရင်း ပြောလိုက်သည်
ထို့နောက်....ရှောင်းဟိုင် လူတစ်ယောက်ကို ဖုန်းဆက်လိုက်သည်
"ဥက္ကဋ္ဌ ယန်း နဲ့ပြောချင်လို့..... "
ရှောင်း ဟိုင်ပြောလိုက်သည်.....
"ဘာကိစ္စလဲ..... "
တစ်ဖက်မှ ပြန်ဖြေသည်
"ဥက္ကဋ္ဌ ယန်း..လား ကျွန်တော် အကူအညီ တစ်ခု တောင်းစရာ ရှိလို့ပါ...."
"အကူ အညီလား ရတယ်...အပေးအယူကတော့
အရင်အတိုင်းပဲ နော်....""ဟုတ်ကဲ့.... ဥက္ကဋ္ဌ ယန်း...သတ်မှတ်ထားတဲ့
ဈေးနှုန်း အတိုင်းဖြစ်စေရပါမယ်...""ဒါဆို ပေးရမယ့် အကူအညီ က....."
"ကျွန်တော့်  ကိုလူတစ်ယောက် ကို သတ်ပေးပါ...."
"ဒါက နည်း နည်း...ကိစ္စ ကြီးသွားပြီ....အရင်ထက် နှစ်ဆ....ဘယ်လိုလဲ...."
"ဒါက မများဘူးလား ဥက္ကဋ္ဌ ယန်း...."
"များတယ်ထင်ရင် ...အခု ကိစ္စ မရှိတော့ဘူးလို့
သဘောထားလိုက်ရုံပေါ့.....""မဟုတ်တာ.... ဥက္ကဋ္ဌ ယန်း လိုချင်တယ့်  ဈေးအတိုင်း ဖြစ်စေရပါမယ်...."
"OK လေ...သတ်ပေးရမယ့်သူက..."
"Wang Yi Bo ရှောင်း အိမ်တော် ရဲ့ ဒုတိယ
သခင်လေး....""Wow...ခင်ဗျား က ရှောင်းတစ်မိသားစုလုံးကို
အမြစ်ကနေကိုဆွဲလှန်နေတာပဲ....
နောက်တစ်ပတ်နေရင် ခင်ဗျားမျှော်လင့်ထားသလို ဖြစ်စေရမယ်...... "
![](https://img.wattpad.com/cover/200338302-288-k521633.jpg)
YOU ARE READING
Fall in love(completed )
Fanfiction"ကိုကို့ ကို ထိခိုက်အောင် လုပ်တယ့် ဘယ်သူမဆို ပြန်ပေးဆပ်စေရမယ် ........" "ကိုကို့ကိုထိခိုက်အောင် လုပ်တဲ့ ဘယ်သူမဆို ပြန်ပေးဆပ်စေရမယ်......." Xiao Zhan & Wang Yi Bo Fan Fic