part21

11.2K 818 14
                                    

Unicode &Zawgyi

(Zawgyi )

"ဝမ်လေး......"

"ကိုကို ပြောပါ....ကိုကိုရော ကျွန်တော့် ကို.... "

"ဝမ်လေး...မရူးမိုက်စမ်းနဲ့..."

Xiao Zhan သူ၏ နှလုံးသားက လက်ခံချင်သော်လည်း....ဦးနှောက်က ခွင့်မပြု ဖြစ်နေသည်

"ကိုကို....က ဘာလို့ လက်မခံချင်ရတာလဲ...."

Wang Yi Bo စကားဆက်ပြောနေသော်လည်း  မျက်နှာ မှာ နွမ်းလျ ညိုးငယ်နေပြီဖြစ်သည်...

"ဝမ်လေး...ကိုကို က...."

Xiao Zhan..Wang Yi Bo ရဲ့ ညိုးငယ်နေသော မျက်နှာကို ကြည့်ပြီး...သူ့နှလုံးသား ပါ တင်းကြပ်လာသည်...
စကားဆက်မပြောနိုင်တော့......

"ကိုကိုက ကိုယ့်ကိုကိုယ် လိမ်နေတာပဲ......ဘာလို့
ကိုယ့်စိတ်ကိုယ် လွတ်လပ်ခွင့်မပေးတာလဲ...."

"ဝမ်လေး...ဖြစ်ချင်တာထက်ဖြစ်သင့်တာကို
ဦးစားပေး သင့်တယ်....."

"ကျွန်တော့် အတွက် ဖြစ်ချင်တာရော ဖြစ်သင့်တာရောက ကိုကို လေ...."

"ဝမ်လေး...ကိုကိုတို့ကို အများသိထားတာက ညီအကို လေ.....အကယ်၍ ကိုကိုတို့...ဒီထက်ပို တဲ့ ပတ်သက်မှု ရှိခဲ့ရင် ပတ်ဝန်းကျင် က...."

"ကိုကို က ဘာလို့ ပတ်ဝန်းကျင်ကို ဂရိုက်နေတာလဲ...ကျွန်တော်က ကိုကိုက လွဲရင် ဘာကိုမှ ဂရုမစိုက်ဘူး...."

"ဝမ်လေး....ကိုကို ပြောတာကို နားထောင်နော်
ခုနက မိန်းကလေးနဲ့ ဝမ်လေးက သိပ်ကို လိုက်ဖက်တယ် လို့ ကိုကို ထင်တယ်...."

"ကိုကို... အခြားသူတစ်ယောက်ဆီ ဘာလို့ တွန်းပို့နေရတာလဲ.....ကျွန်တော့် ကို လက်မခံနိုင်ရင်တောင် တွန်းမပို့ သင့်ဘူး...."

"ဝမ်လေး....."

"ကိုကို ဘာလို့ ဆက်ပြီး ကိုယ့်ကိုကိုယ် လိမ်နေသေး
တာလဲ...."

"........."

Xiao Zhan...သူ့စိတ်က အနည်းငယ် တွေဝေလာသည်..

"ကောင်းပြီ.. .ကိုကိုက ကျွန်တော့် ကို အစ်မလျှိုနဲ့ လိုက်ဖက်တယ်ထင်တယ်... ကျွန်တော် က
အစ်မ လျှို နဲ့ လက်ထပ်မှ ကိုကို စိတ်ချမ်းသာမယ် ဆိုရင် ကျွန်တော် လက်ထပ်မယ် ကိုကို စိတ်ချမ်းသာဖို့ ကျွန်တော့်  နှလုံးသားကို အပျက်စီး
ခံလိုက်မယ်....အစ်မလျှိုမပြန်သေးဘူး...ကျွန်တော် သူ့ကို အခု လက်ထပ်ခွင့်သွားတောင်းမယ် ဒါပေမယ့်
ကိုကို သိထားသင့်တာက ကိုကို တစ်ယောက်သာလျှင် ကျွန်တော့် ဘဝပဲ...."

Fall in love(completed )Where stories live. Discover now