part11

10.7K 828 8
                                    

Unicode&Zawgyi

(Zawgyi )

"သြော်.... ဒါဆို.....မှားသိတာဖြစ်လိမ့်မယ်.... "

Wang Yi Bo မဲ့ပြုံး တစ်ချက်ပြုံးလိုက်ကာ
ပြောလိုက်သည်.....

"မင်း....လွန်နေပြီ....ငါက ငါ့တူအရင်း ကို ဘာလို့
သတ်ဖို့ ကြိုးစားရမှာလဲ....."

ရှောင်းဟိုင် ပြောလိုက်သည်

"ခင်ဗျား....လုပ်လား..မလုပ်ဘူးလား..ခင်ဗျား ကိုယ်တိုင် သိမှာပေါ့....."

Wang Yi Bo ပြောလိုက်သည်

"လမ်းဘေးက အလေအလွှင့်ကောင်က....
ရှောင်းအိမ်တော် မှာ လေကျယ်နေပါလား....
ကိုယ့်နေရာ ကိုယ်သိသင့်တယ်...မင်းက ဘာမှ မဟုတ်ဘူး...မင်းကိုယ်မင်း ရှောင်းအိမ်တော်ရဲ့
သခင်လေးအစစ်အမှန်လို့ထင်မနေနဲ့..."

ရှောင်းဟိုင် Wang Yi Bo ကို ပြောလိုက်သည်

"ခင်ဗျား ပြောတဲ့ အလေအလွင့်ကောင်က....
ရှောင်းအိမ်တော်မှာ နေနေတယ်လေ...ခင်ဗျားကရော
ခင်ဗျား လုပ်ခဲ့တဲ့ အပြစ်တွေ ကြောင့် ကိုကို့အဖေ က ခင်ဗျားကို နှင်ချလိုက်တာလေ....... ခင်ဗျားသိပ်ပိုင်ချင်လှတဲ့ အရာတွေကို ကျွန်တော် က
အရာအားလုံး အကျိုးခံစားခွင့်ရခဲ့တာ....."

Wang Yi Bo လှေင်ပြုံးပြုံးရင်းပြောလိုက်သည်

"မင်းအဲ့ကိစ္စကို ဘယ်လိုသိတာလဲ...... "

ရှောင်းဟိုင် မေးလိုက်သည်

"အဲ့လောက်လေးနဲ့ မတုန်လှုပ်ပါနဲ့
ဒါတောင် ခင်ဗျားရဲ့အပြစ်က
ဘာလဲ ဆိုတာအတိအကျ မပြောရသေးဘူး... "

Wang Yi Bo မျက်နှာထားတင်းကာ ပြောလိုက်သည်

"ငါက.. တုန်လှုပ်စရာလား...သက်သေမရှိဘဲ မစွပ်စွဲနဲ့......"

"ခင်ဗျား က သက်သေ လိုချင်တာလား....
ရှိတာပေါ့...သက်သေ...အဲဒီသက်သေ ကို ဘယ်လို ပုံစံနဲ့ကြည့်ချ င်လဲ....ရဲစခန်း မှာလား မဟုတ်သေးဘူး...မီဒီယာမှာ ဆို ပိုကောင်းမယ်...."

"မင်း......မင်း..."

ရှောင်း ဟိုင် တုန်လှုပ်နေပြီး စကား ပြောဖို့ရာ အဆင်မပြေတော့ပေ...ထို့ကြောင့် သူ လှည့်ထွက်သွားရန် ပြင်လိုက်သည်

Fall in love(completed )Where stories live. Discover now