part13

10.6K 846 14
                                    

Unicode &Zawgyi

(Zawgyi )

လူတစ်ယောက် အထပ်မြင့် တိုက်ပေါ်ရှိ အခန်းကို ဖွဲ့စည်းကာရံထားသော မှန်နရံ ကနေ မနက်ခင်း၏
ကောင်းကင်ကို ကြည့်နေသည်.....

ထိုသူ၏ ပုံစံ က အရာအားလုံးကို အပေါ်စီးကနေ ကြည့်နေသည့် နတ်ဘုရားတစ်ပါးနှယ်..

ထိုသူ၏ နောက်ကျောကိုပဲ မြင်ရလျှင်တောင်မှ မြင့်မြတ် ခန့်ညား မှုကို အတိုင်းသားထင်ဟပ်နေသည်

သို့သော်...သူ၏ မျက်လုံးတို့တွင်တော့.....ရက်စက်မှု တို့ ပြည့်နှက်နေသည်..

ထိုသူကား...Wang Yi Bo ....

"သခင်လေးဝမ်....."

အိမ်တော်ထိန်း ဟန်ခေါ်လိုက်သည်

"ဦးဦးဟန်​... "

Wang Yi Bo ပြန်ဖြေလိုက်သည်...

"သခင်လေးဝမ်..ကုမ္ပဏီ သွားဖို့...အချိန်ရောက်နေပြီ.."

"သိပြီ...."

Wang Yi Bo ပြောလိုက်သည်... ထို့နောက်

"morning ကိုကို...ကိုကို...အခုဆိုရင်....
ချယ်ရီ တွေ ပွင့်တာ....၅ကြိမ်ရှိပြီ....ကိုကို..."

Wang Yi Bo ထိုသို့ပြောကာ Xiao Zhan ၏
နဖူးကိုကြင်နာစွာ နမ်းရှိုက်ရင်းပြောလိုက်သည်...

Wang Yi Bo အမြဲတမ်း Xiao Zhan ၏နဖူးကို နမ်းပြီးမှ ကုမ္ပဏီ ကို သွားလေ့ရှိသည်..
ဤအပြု အမူသည်ကား သူ့အတွက် အလေ့အကျင့်
တစ်ခုကဲ့သို့တောင် ဖြစ်လို့နေချေပြီ..

"ကိုကို....ကျွန်တော် ကုမ္ပဏီကို သွားတော့မယ်... "

Wang Yi Bo ပြောလိုက်သည်

"သခင်လေး..ကားအဆင်သင့်ပြင်ထားပါတယ်...."

အိမ်တော်ထိန်းဟန် ပြောလိုက်သည်

"အင်း....."

Wang Yi Bo ပြန်ဖြေလိုက်သည်
ထို့နောက် သူ ကုမ္ပဏီ သို့ထွက်လာခဲ့သည်.....

ကုမ္ပဏီ တစ်ခုအတွင်းသို့ ချောမော ခန့်ညားသည့်...လူတစ်ဦး....ဝင်လာသည်...
ထိုသူကို ဝန်ထမ်းအားလုံးက ဦးညွှတ်ကာ ဂါဝရ ပြု ကြသည်..

"ဟဲ့....ငါတို့  ဥက္ကဋ္ဌ က ချောလိုက်တာ....
ငါ့ရဲ့အနာဂတ် ခင်ပွန်း လောင်းလေးဖြစ်ရင်ကောင်းမှာပဲ...."

Fall in love(completed )Where stories live. Discover now