ကောလဟလ ဘုရင်​မ (၁၄)

4.8K 893 13
                                    

ကောလဟလ ဘုရင်​မ (၁၄)
~~~~~~~~~~~~~~~~~~~~~

အိုက်​လင်း မင်​ရှုကို တစ်​ချိန်​လုံး ဖုန်းဆက်​နေခဲ့တာ။

မင်​ရှု ကျန့်​ရွှင်​ကားပေါ်တက်​ပြီးတာနဲ့ အစာမြိုနေတာကနေ ခဏရပ်​ပြီး အိုက်​လင်းဖုန်းကို ပြန်​ဖြေပေးလိုက်​တယ်​။

"ကျန့်​ညန်​၊ ငါ နင့်​ကို ဘယ်​နှခါတောင်​ ခေါ်လိုက်​ရလဲ နင်​ သိရဲ့လား...!" အိုက်​လင်းတစ်​ယောက်​ ဆူနာမီလို အားကြီးနဲ့ ကုန်းအော်​ပါလေရော။

မနေ့ညက အိုက်​လင်းခမျာမှာ ရူးမတတ်​ပဲ။

"မသိသေးဘူး။ ကြည့်​လိုက်​ဦးမယ်​..." မင်​ရှု နားအနားကနေ ဖုန်းကို ခွာပြီး ရေကြည့်​တယ်​။ ပြီးတော့မှ ပြန်​ဖြေသတဲ့။ "၅၆ ခါ... ၁၀၀ တော့မပြည့်​ဘူးပဲ..."

". . ."

'တစ်​ရာတော့ မရှိဘူးတဲ့...!

မရှိဘူးဆိုပဲ...!'

အိုက်​လင်း တစ်​ယောက်​ယောက်​ကို ထသတ်​ချင်​စိတ်​ပေါက်​လာတယ်​။ သူ ဖုန်းထဲကို အကျယ်​ကြီး အော်​အော်​ပြောလွန်းလို့  speaker မဖွင့်​ဘဲနဲ့တောင်​ ဘေးက ကြားနေရပြီ။

ကျန့်​ရွှင်​ကတော့ သူ့ညီမကိုသာ ကြည့်​နေလိုက်​တယ်။ မင်​ရှု လက်​တစ်​ဖက်​က ပြူတင်းမှန်​ကို ထောက်​ထားပြီး ခြေထောက်​တွေကို ချိတ်​ထိုင်​ထားတယ်​။ စကတ်​အကွဲဝတ်​ထားတော့ ခြေတံသွယ်​သွယ်​လေးတွေက အဖွေးသား။

ကျန့်​ရွှင်​ အကြည့်​လွှဲလိုက်​ပြီး အနားတိုးသွားလိုက်​တယ်​။

မင်​ရှုအနားကိုလည်း ရင်းနီးကျွမ်းဝင်​ပြီးသား ရနံ့တစ်​ခု တိုးဝင်​လာလေတယ်​။ မင်​ရှု နွားနို့ဘူးကို ကိုင်​ထားရင်း နောက်​တွန့်​သွားကာ ကျန့်​ရွှင်​ကို စိုက်​ကြည့်​လိုက်​တော့တယ်​။

'ဘာလုပ်​တာလဲ... ငါ့နို့နို့ကို လုမလို့လား...'

ကျန့်​ရွှင်​ ရုတ်​တရက်​ပြုံးလိုက်​မိတော့တယ်​။ ဒါပေမယ့်​ သူ ပြုံးလိုက်​တာကို မင်​ရှု မမြင်​လိုက်​စေချင်​တာကြောင့်​ သူ ချက်​ချင်းရပ်​လိုက်​ပြန်​တယ်​။ ပြီးတော့ မင်​ရှုကို ခါးပတ်​ပတ်​ပေးလိုက်​တယ်​။ "ခါးပတ်​လေ..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now