ကောလဟလ ဘုရင်​မ (၁၁)

4.8K 874 12
                                    

ကောလဟလ ဘုရင်​မ (၁၁)
~~~~~~~~~~~~~~~~~~~~~

မင်​ရှု စကားစကို ဖြတ်​ပြီး အစားစားတဲ့ဆီ ပြန်​လာခဲ့လေတယ်​။

သိပ်​မကြာခင်​၊ သူမမှာ လုပ်​စရာတွေ များလာတော့မှာ။ အခုကတည်းက ဝဝလင်​လင်​ စားထားရမယ်​။

ဒါကြောင့်​မို့၊ ကျန့်​ရွှင်​ သူ့ညီမကို ပြန်​ရှာတွေ့တော့ သူမက ထောင့်​တစ်​နေရာမှာ ကုပ်​ကုပ်​ကလေး အစာထိုင်​စားနေသတဲ့။

သူ ဘေးဘီဝဲယာကြည့်​လိုက်​တော့ သူမကို ဘယ်​သူမှ သတိမထားမိကြတာ တွေ့ရတယ်​။ သူ သူမအနား လျှောက်​လာလိုက်​ပြီး ချောင်းဟန့်​လိုက်​တယ်​။ ပြီးတော့ သူမကို လေသံခပ်​တိုးတိုးနဲ့ သတိပေးကြည့်​တာပေါ့။ "ညန်​ညန်​၊ အနေအထိုင်​ ဆင်​ခြင်​ပါဦး..."

"ဗိုက်​ဆာလို့..." မင်​ရှုက ပါးလုပ်​ပါးလောင်းနဲ့ ပြန်​ဖြေတယ်​။

"မနက်​ကလည်း အများကြီးတွေ စားထားတာလေ၊ အခုထိ ဗိုက်​ဆာနေတုန်းပဲလား" ကျန့်​ရွှင်​ နားမလည်​နိုင်​။ သူမ အရင်​နေ့တွေကလည်း အဆန့်​မပြဲတွေ စားနေတာ သူ သတိထားမိတယ်​။ သူမ ဗိုက်​က မပြည့်​နိုင်​တော့ဘူးလား။

အရင်​က သူမ အိမ်​ပြန်​လာတဲ့အခါတွေမှာ၊ အခုလို ဖြစ်​တာမျိုး သူ မကြုံခဲ့ဖူးဘူး။

သရုပ်​ဆောင်​ကြယ်​ပွင့်​တစ်​ယောက်​အနေနဲ့၊ သူမ ဝလာမှာ မကြောက်​တော့ဘူးလား။

မင်​ရှု သူမပန်းကန်​ထဲက နောက်​ဆုံးသော မုန့်​တစ်​ဖက်​ကို စားလိုက်​တယ်​။ ပန်းကန်​လွတ်​ကို ခါရင်း ပြန်​ပြောလိုက်​သေးတယ်​။ "အစ်​ကိုက ညီမမှ မဟုတ်​တာ၊ ညီမ ဗိုက်​ဆာတာ ဘယ်​နားလည်​ပါ့မလဲ... ဗိုက်​ဆာတာ အပြစ်​လား..."

'ငါ့မှာ အစာတောင်​ အေးအေးလူလူ မစားရဘူး...'

". . ."

ကျန့်​ရွှင်​ နောက်​ပြန်​လှည့်​ကြည့်​ရင်း ပြောလိုက်​တော့တယ်​။ "မင်းက မိန့်​ခွန်းတွေပြောရဦးမှာလေ... ဝလာဦးမယ်​... သိပ်​စားမနေနဲ့"

မင်​ရှုကတော့ ဆက်​သာပြုံးနေတယ်​။ "ဘယ်​လိုပဲဖြစ်​ဖြစ်၊ ဝလာမယ့်​သူက အစ်​ကိုမှ မဟုတ်​ဘဲလေ..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now