Description

38.6K 1.2K 12
                                    

(Zawgyi )

I Don't Like The World , I Only Like You


ရယ်စရာ ကောင်းတဲ့ ဂျိုဝီ နဲ့ တုံဏှိဘာဝေ နေတတ်တဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်း မစ္စတာ အက်ဖ် တို့ ရဲ့ အကြောင်းလေးပါ။

Description

လက်ထပ် မှတ်ပုံ မတင်မီ အကြိုည ..

ကိုယ် သူ့ကို မေးလိုက်တယ် ..

" နင် ငါ့ကို ဘယ်တုန်းက စပြီး သဘောကျလာတာလဲ"

သူ ပြောတာက..

" ငါ မမှတ်မိတော့ဘူး"

" ဒါဆို .. ဘာလို့ ငါ ဖြစ်ရတာလဲ"

" ဘာလို့ မင်း မဟုတ်ရမှာလဲ"

" ငါ က အရမ်း လှတယ်လေ .. ပြီးတော့ အရမ်းလည်း သဝန်တိုတတ်တာကို"

" ဒါဆို .. ငါ ကရော"

" ငါက နင်နဲ့ငါ မထိုက်တန်မှာ စိုးရိမ်လို့ပါ"

" ဒါဆို .. ငါ ကရော"

" ငါ တကယ်ကို ချိန်းတောင် မတွေ့ဖူးဘူး။ အဲ့ဒါကြောင့် အချစ်ဆိုတာ ဘာလဲ ငါ မသိဘူးလေ"

" ငါလည်း မသိဘူးလေ"

သူက ကိုယ့်လက်ကို ယုယုယယ လာကိုင်တယ်..

" ဒါပေမဲ့ ငါ ဒါတော့ သိတယ် .. မင်းနဲ့ အတူ ကုန်ဆုံးရတော့မဲ့ ငါ့ရဲ့ ဘဝကို စဉ်းစားမိရင် .. ငါ့ အနာဂတ်က မျှော်လင့်ချက်တွေ ပြည့်နေသလိုပဲ"

-

အသက် - ၁၆ နှစ်

ကိုယ်တို့က စာသင်ခန်းထဲ စားပွဲ အတူတူ ထိုင်ရတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ၁၀ စင်တီမီတာတောင် မကွာဘူးရယ်။ ကိုယ့်ရဲ့ အမြင်အာရုံတွေထဲမှာ သူနဲ့ချည်း ပြည့်နေတာပဲ။

အသက် - ၂၆ နှစ်

မနက် မိုးလင်းလို့ အိပ်ရာက နိုးလာတိုင်း နေရောင်ဖျော့ဖျော့ ကျရောက်နေတဲ့ သူ့မျက်နှာကို မြင်ရတယ်။ ကိုယ် တွေးမိတယ် .. ဒီလိုမျိုးလေး .. သူနဲ့အတူ .. တဖြည်းဖြည်း အိုမင်သွားချင်လိုက်တာ လို့လေ...

ကိုယ်တော့ အဲ့ဒါက အချစ် ဖြစ်မယ် ထင်တာပဲ။

..................................

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now