ငါ့ကိုတကယ်ချစ်ရင် လန်ကျန့်ကိုစောင့်ရှောက်ပေးပါ။
လန်ကျန့်ကိုမြင်တိုင်း ငါရှိနေသေးတယ်လို့မှတ်ယူပေးပါ။ဘာလို့လဲဆိုတော့ ငါကလန်ကျန့်နှလုံးသားထဲမှာ အမြဲရှင်သန်နေမှာမို့လို့ပဲ....."
ဝေ့ရင်းကို ဦးလေးကျန်းတွဲကာထွက်သွားခဲ့ကြတယ်။
ဝမ်ချောင်ကတော့ ဒီအတိုင်းလေး...ဒီအတိုင်းလေးကျန်ခဲ့တယ်...
ခုံပေါ်မှာစာအိတ်အဖြူလေးတစ်အိတ်ရှိနေခဲ့တယ်...
"ချစ်ရတဲ့ လန်ကျန့်သို့" တဲ့
..............
ဆူဆူညံညံအသံတွေကြောင့် ရိပေါ်နိုးလာခဲ့တယ်...
အသံတွေကဝုန်းဒုန်းကြဲ...*ဟင်...ဝေ့ရင်း....ဝေ့ရင်းမရှိတော့ဘူး*
ရိပေါ်အရမ်းထိတ်လန့်သွားခဲ့ရပြီ.....
အိပ်ယာပေါ်ကပြေးဆင်းပေမယ့် တုန်ယင်နေတဲ့ခြေအစုံကြောင့် ဝုန်းခနဲလဲကျတယ်...
ရိပေါ်ပြန်ထတယ်....
ပြန်လဲကျတယ်....
ခြေထောက်တွေက သူ့စိတ်ကိုလိုက်မမှီတော့ဘူး...ပါးစပ်က ကယောင်ကတမ်းအော်တယ်...
"ဝေ့ရင်း....ဝေ့ရင်း....ဝေ့ရင်းရေ..."
နောက်ဆုံးခေါ်သံကပါးစပ်ဖျားမှာတင်ပျောက်သွားတယ်....ကြောက်တယ်....ဝေ့ရင်းထပ်ပျောက်ကွယ်သွားမှာ သူသေမလောက်ကြောက်တယ်...
မရမကပြန်ထဖို့ကြိုးစားတယ်....
ကြောက်စိတ်တွေက လူကို Shock ရစေတယ်...
ခြေထောက်တွေလုံးဝအလုပ်မလုပ်တော့ဘူး...လက်နှစ်ဖက်ပဲအားပြုရင်း ခြေထောက်တွေကိုတ
ွတ်တိုက်ဆွဲကာ ရိပေါ်အခန်းပြင်ထွက်ဖို့ကြိုးစားတယ်...အိမ်အစေတွေတစ်ယောက်မှခေါ်မရဘူး...
အိမ်အောက်မှာ အော်ပါယူပါ... အသံတွေကြားရတယ်။ ဘာတွေဖြစ်နေမှန်းမသိပေမယ့် ဝေ့ရင်းအန္တရာယ်ကင်းဖို့အရေးကြီးတယ်....
"ဝေ့ရင်းးး ရေ...."
တရွတ်တိုက်သွားရင်း တံခါးကိုအတင်းဖွင့်လိုက်တယ်။ တစ်အိမ်လုံးမှာမြင်မကောင်းအောင်သွေးတွေရဲနေတယ်...
![](https://img.wattpad.com/cover/198553475-288-k869470.jpg)
STAI LEGGENDO
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...
PART-40: The End of Everything
Comincia dall'inizio