ချယ်ရီတွေပွင့်တဲ့တစ်နေ့ (Final)

8.7K 430 51
                                    

ကျောက်တိုင်ဖြူဖြူလေးမှာ ပန်းစည်းလေးနှစ်စီးရှိနေခဲ့တယ်....

Eternal Love- အဆုံးမဲ့ချစ်ခြင်းလို့အဓိပ္ပါယ်ရတဲ့ Heliotrope ခရမ်းရောင်ပန်းစည်းလေးနဲ့....

Longing for you- မင်းကိုတောင့်တနေတုန်းပဲလို့အဓိပ္ပါယ်ရတဲ့ Pink Camellia ပန်းရောင်ပန်းစည်းလေး....

ပန်းရောင်ပန်းလေးတစ်ပွင့်ရင်ဘတ်မှာထိုးထားတဲ့ ဝမ်ချောင်က ဆေးလိပ်လေးဖွာကာ အဝေးတစ်နေရာကြည့်ရင်း...

နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့အဖြစ်အပျက်တွေကဒီလိုအချိန်ဆိုမတွေးလည်း အတွေးထဲဝင်ဝင်လာတယ်....

တွေးရင်းခပ်ဖွဖွပြုံးမိတော့ ပါးပေါ်မျက်ရည်တစ်စက်ကျလာတယ်....
ဆေးလိပ်ငွေ့တွေကြားမှာ ဝေ့ရင်းပြုံးနေခဲ့တယ်...

ဝေ့ရင်းကသိပ်လည်ခဲ့တယ်...
လူလည်သူရဲကောင်းကြီး ဝေ့ရင်းလေး....

အမုန်းလေးတစ်ခုပဲလိုခဲ့တာ...
သူသိပ်ချစ်ရသူရဲ့အမုန်းလေး...
သူ့ကိုဆို လန်ကျန့်က ဘယ်တော့မှမမုန်းနိုင်မှန်းသိတော့...

လူလည်လေးကမျက်နှာဖုံးဝတ်ပြီး အမုန်းတောင်းခံခဲ့တယ်တဲ့လား???

ကျိန်စာပြယ်တဲ့အချိန်မင်းနှလုံးသားနုနု ဘယ်လောက်နာကြင်နေခဲ့လိမ့်မလဲ....

ငါကတော့ မင်းနောက်ဆုံးဆန္ဒအတိုင်း ရှိနေပေးခဲ့ပါတယ် ဝေ့ရင်း....

******

ဒီနေ့ကဝေ့ရင်းကိုယ့်ဘေးနားကပျောက်သွားပြီး နှလုံးသားထဲနှောင်ဖွဲ့ခဲ့တာ ၂၈ နှစ်ပြည့်ပြီ။

ချယ်ရီပင်အောက်က မြေပုံမို့မို့လေးနားမှာ ကိုယ်ထိုင်နေခဲ့တယ်....

ချယ်ရီပွင့်လေးတွေ တလွှလွှကြွေကြလာတယ်...
ကိုယ်နဲ့တူတူချယ်ရီလေးတွေ မင်းကြည့်နေခဲ့ရဲ့လား ဝေ့ရင်း???

သိပ်လှရင် ကြွေကျတာစောတတ်လား???

ကိုယ်လက်တစ်ဖက်နဲ့ခေါင်းအုံးရင်း ကျန်လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မင်းဘေးနားလှဲအိပ်နေမိတယ်...

မင်းနိုးလာရင် ကိုယ့်လက်မောင်းခေါင်းအုံးလုပ်နိုင်အောင်....

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Donde viven las historias. Descúbrelo ahora