PART-3: Unexpected Meeting 3

10K 817 72
                                    

1 Month and 1 week Later

ရိုက်ကွင်းပြီး ည ၇ နာရီ Yibo အိမ်ပြန်လာသည်။
တယောက်ထဲအေးဆေးအနားယူချင်သဖြင့် Manager ကိုလဲပြန်လွှတ်လိုက်သည်။

Managerး Yibo Dinner ဘာစားချင်လဲ? ငါမပြန်ခင် Delivery ပို့ခိုင်းလိုက်မယ်လေ။

Yiboး အင်း... နေ့တိုင်းအပြင်စာတွေချည်းစားနေရတာ ငြီးငွေ့လာပြီ။ ဘာမှမစားချင်ဘူး။

Mangerး ...😫😫 (ငါ့သားကိုတောင် သူ့လောက်စိတ်မရှည်ပေးဘူး)
ဒါဆိုမင်းစားနေကြဆိုင်ကပဲ ကောင်းတာမှာပေးလိုက်မယ်နော်။

Yiboး ...

ခြေလှမ်းခပ်လေးလေးနဲ့ Yibo Manager ကိုဘာမှပြန်ပြောမနေပဲ ဓါတ်လှေကားခလုတ်နှိပ်လိုက်သည်။

၂၄ လွှာ အခန်း ၂၁၅

အခန်းရှေ့ရောက် သော့ကတ်လေးကို Tap ပြီးတံခါးဖွင့်ကာ အိမ်ထဲသို့ဝင်သည်။
ဖိနပ်ချွတ်မှာထိုင်ပြီး ဖိနပ်ကိုကုန်းချွတ်လိုက်သည်။
အိမ်နေဖိနပ်စီးရန်ဟန်ပြင်လိုက်ချိန် ရှိနေကျအိမ်စီးဖိနပ် ၂ ရံမှာတရံပျောက်နေသည်။

ထူးဆန်းစွာဖိနပ်စင်ကိုကြည့်နေရင်း ဖိနပ်ချွတ်နားသို့တရှပ်ရှပ်လှမ်းလာသည့် ခြေသံကိုကြားလိုက်ရသည်။
Yibo အသက်ရှုရပ်မတတ် ထိတ်လန့်သွားမိသည်။

လမ်းလျောက်လာရင်း ထိုသူကလှမ်းပြောလိုက်သည်။
"Zhuo Cheng ပြန်လာပြီလား"

ခုအခြေအနေက ဖိနပ်ချွတ်နားမှာ Yibo ကထိုင်လျက်သား အိမ်ထဲကိုနောက်ပြန်လှည့်ကြည့်နေတာဖြစ်ပြီး

အိမ်ထဲကလူက ဖိနပ်ချွတ် Cornor နားလမ်းလျောက်လာကာ အိမ်တံခါးဝကို ခေါင်းငှဲ့စောင်းကြည့်သည်။

နှစ်ယောက်သားတွေ့ပြီးနောက် ပြိုင်တူအော်လိုက်ကြသည်။

"မင်း မင်း"

မှန်ပါသည်။ မှားစရာအကြောင်းလုံးဝမရှိ။ ထိုကောင်လေးမှထိုကောင်လေး။

Yibo ကထိုကောင်လေးကို အံ့သြခြင်းတဝက် ဒေါသတဝက်ဖြင့် မေးလိုက်သည်။

Yiboး မင်း မင်း ဘယ်လိုလုပ် ငါ့အိမ်ထဲရောက်နေတာလဲ?

ထိုကောင်လေးကလဲ မျက်မှောင်ကြုံကာ စူပုတ်ပုတ်ဖြင့် ခပ်စွာစွာပြန်မေးသည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now