PART-14: အမုန်း

5.3K 471 3
                                    

လမ်းဘေးဓါတ်တိုင်ကဖြာကျနေတဲ့ ဝါကျင့်ကျင့်မီးရောင်အောက် ကားလမ်းမတလျောက်မှာ ဆိုင်ကယ်အနီတစီး တရိပ်ရိပ်ပြေးနေသည်။

ဆိုင်ကယ်ပေါ်မှာတော့ အနက်ရောင်ဝတ်စုံပြည့်နဲ့လူတစ်ဦးရယ်...ခေါင်းမှာပတ်တီးအဖွေးသားနဲ့အသားဖြူလျော့လျော့ကောင်လေးတယောက်ရယ်....

ဟုတ်တယ်...အဲတာ Black King နဲ့ Yibo.

Black King ပြောလာတဲ့ ရုပ်ရှင်ဆန်ဆန် ရူးကြောင်ကြောင်စကားလုံးတွေကို yibo သူခုထိမယုံသေးဘူး။

ဒါပေမယ့် မယုံရအောင်လဲ သူ့အာရုံမှာမြင်ခဲ့ရတာတွေက အိပ်မက်မဟုတ်ဘူး။ သူနာကျင်ခံစားနေရတာတွေကလဲ အတုမဟုတ်ဘူး။
သူ ဝမ်းနည်းခြင်းတွေ၊ တုန်လှုပ်ခြင်းတွေ၊ လူတယောက်ကိုနှစ်နှစ်ကာကာချစ်ခြင်းတွေနဲ့ အဲဒီလူကိုပဲအူလှိုက်သည်းလှိုက်မုန်းတီးခြင်းတွေ
အဲလိုအကုန်ရောပွမ်းနေတဲ့ ခံစားချက်ကို သူခံနိုင်ရည်မရှိဘူး....

**ငါ့ နေရာမှာဆိုရင်ရော မင်းတို့တွေဘာလုပ်ကြမလဲ...

ငါ သိပ်ချစ်ရတဲ့ ငါ့မိဘတွေ၊ ပျော်ရွှင်စရာမိသားစုမရှိဘဲ တယောက်တည်းအထီးကျန်ကြီးပြင်းခဲ့ရတာတွေ၊ နေမကောင်းလို့ ဆေးရုံတက်ရရင်တောင် ဆေးရုံမှာလာကြည့်ပေးမဲ့သူမရှိတဲ့ ခံစားချက်တွေ....
အကုန်လုံး...
အဲတာတွေအကုန်လုံးက....
ငါသိပ်ချစ်ရတဲ့သူက ပေးတဲ့လက်ဆောင်တဲ့လား???
ဘယ်လို အင်အားမျိုးနဲ့ ငါယုံကြည်ပေးရမလဲ??
ဘယ်လိုအင်အားမျိုးနဲ့ငါလက်ခံပေးရမလဲ??

ငါဘယ်လိုဆုံးဖြတ်ချက်ချရမှာလဲ??

ငါဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် မင်းဟာက ဆုပ်လဲဆူး စားလဲရူးပါပဲ Wang Yibo ရယ်...**

Black King ရဲ့ဆိုင်ကယ်နောက်မှာလိုက်ပါလာရင်း Yibo တယောက် ဘယ်သူဘယ်ဝှာမှ မမြည်တဲ့သူတွေကို မေးခွန်းထုတ်ရင်း ကိုယ့်ကိုကိုယ်စကားပြောနေမိသည်။

အနည်းဆုံးတော့ ပျောက်ဆုံးနေတယ်လို့ထင်ရတဲ့ သူ့မှတ်ဉာဏ်ကိုတော့ ပြန်ရချင်သေးတယ်လေ...
ဒါမှ သူရှေ့ဆက် ဘာဆက်လုပ်ရမလဲ ကွဲကွဲပြားပြားသိရမှာပေါ့....

တပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို ဒါဏ်ရာဗရဗွလက်တွေနဲ့သုတ်ရင်း သူ နက်မှောင်နေတဲ့ကောင်းကင်ကြီးကို မော့ကြည့်မိတယ်...
မျက်ရည်တွေများ ပြန်ဝင်သွားမလားဆိုတဲ့စိတ်နဲ့....

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now