PART-2: EXTRA

9.7K 832 36
                                    

Yibo ဖုန်းတလုံးနဲ့ အလုပ်ရှုပ် ဂနာမငြိမ်ဖြစ်နေသည်မှာ ခုဆို ၂ ပတ် မြောက်လောက်ရှိပြီ။
Manager တယောက် Yibo ကိုကြည့်ရင်း သက်ပြင်းချမိသည်။ ခုတလော Yibo ဘာဖြစ်။
Fan Meeting ပြီးကတည်းက Yibo တယောက် ဖုန်းကိုင်လိုက်၊ သူ့ဓါတ်ပုံတွေ သူပြန်ကြည့်လိုက်၊ သက်ပြင်းချလိုက်၊ ခေါင်းခါလိုက်၊ ဖုန်းပြန်ချလိုက်၊ မျက်မှောင်ကြုံ့လိုက်၊ အဝေးတနေရာကြည့်ရင်း ခပ်ထွေထွေစဉ်းစားလိုက် ပြီးရင်ဖုန်းပြန်ကိုင်လိုက်နဲ့ အဲဒီအတိုင်းကို အစီအစဉ်အလိုက် အားတိုင်းလုပ်နေသည်။ (Yibo ကျင့်စဉ်)

Yibo ရူးများသွားတာလား???

အမှန်တော့ Yibo ဟိုကောင်လေးကိုသိရဖို့အရေး သူ့သူငယ်ချင်း ရိဖန်ကို Msg ပို့ရန်စဉ်းစားနေချင်းဖြစ်သည် ။

သူက msg အရင်စပို့ရင်ကောင်းပါ့မလား? ဘာပြောပြီး msg ပို့ရမလဲ? ပို့ပြီးမှ သူ့ငယ်ချင်းအကြောင်းမေးရင်ကော ကောင်းပါ့မလား? ဘယ်ကစမေးရင်ကောင်းမလဲ? မေးရင် ဘယ်လိုထင်သွားမလဲ?
လား/လဲ မေးခွန်းများစွာစဉ်းစားရင်း Yibo အလုပ်ရှုပ်နေတာဖြစ်သည်။

ရိပ်မိတဲ့ Manager ကြီးက နောက်ဆုံးတော့ မသိမသာအကြံပေးသည်။ (နို့မို့ဆို ငါလဲ သူ့ကြည့်ပြီး မြန်မြန်သေမှာပဲ 😤)

Managerး Yibo

Yiboး ဘာလဲ?

Mangerး 😫😫 ဟို Fan Meeting တုန်းက မင်း Fan လေ...ရိဖန် ဆိုတဲ့တယောက်လေ။ ခုလောက်ဆိုနေကောင်းသွားလောက်ပြီနော်။ အဲတာ Msg လေးဘာလေးပို့ပြီး သတင်းမေးကြည့်လား?

Yiboး အင်း Ge ပြောတာမှန်တယ်။ မကောင်းဘူးလေနော် သတင်းလေးမေးကြည့်သင့်တာပေါ့။ ဟုတ် ကျွန်တော်ခုပို့လိုက်မယ် Ge.

Managerး ** ငါ့စကားချောချောချူချူနားထောင်တာ ဒီတခေါက်ပဲရှိသေးတယ်။**

နောက်ဆုံးတော့ Fan Meeting အပြီး သုံးပတ်မြောက်မှာ သူဆုံးဖြတ်ချက်ချလိုက်ပြီး ရိဖန်ကို Msg ပို့လိုက်သည်။
Fan Service အနေနဲ့ မင်းနေကောင်းသွားပြီလား? ဆေးရုံဆင်းပြီလား Msg နဲ့အတူ သူ့အခုရိုက်ကွင်းကဓါတ်ပုံလေးပါတွဲပို့ပေးလိုက်သည်။ ဘာဖြစ်ဖြစ်သူ့ cool guy image လေးတော့မပျောက်စေလို။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Tempat cerita menjadi hidup. Temukan sekarang