PART-2: Unexpected Meeting 2

12.5K 953 57
                                    

1 Month Later

ဒီနေ့လဲ Yibo တို့ခုရိုက်နေတဲ့ရုပ်ရှင်ကားအတွက် Fan Meeting ရှိသည်။ အမှန်ပြောရရင် Yibo အဲ့လိုမျိုးပွဲတွေကိုမုန်းသည်။ ခုနောက်ပိုင်း China မှာ Bromance ကားတွေအရိုက်များလာတော့ ခု Yibo ရိုက်နေသည့်ဇာတ်ကားမှ Main 2 Actors ဖြစ်တဲ့ Yibo နဲ့ Yubin ကိုအဓိဖိတ်ထားတာဖြစ်သည်။

ထုံးစံအတိုင်း နှစ်ယောက်သား Ent Host ခိုင်းတာတွေလုပ် မေးတာတွေဖြေပြီးနောက် နောက်ဆုံးအပိုင်းအနေနဲ့ Top Fan နှစ်ယောက်စီကိုစင်မြင့်ပေါ်သို့ဖိတ်ကြားချင်းအစီအစဉ်ဖြစ်သည်။ Main Actor တယောက်စီရဲ့ Top Fan ယောကျာ်းလေးတယောက် မိန်းကလေးတယောက်စီခေါ်သည်။

Wang Yibo Top Fan လျို့အော် နဲ့ ရိဖန်
Yu Bin Top Fan ယဉ်ယဉ် နဲ့ ကျန်းထန် စင်ပေါ်လာပါလို့ Ent Host ကကြေငြာလိုက်သည်။

ခပ်ချေချေ Yibo ခေါင်းငုံ့ထားရာမှ သက်မဲ့အပြုံးနဲ့သူ့ Fan နှစ်ယောက်ကို လှည့်အကြည့်မှာတော့ Yibo မျက်လုံးအဝိုင်းသားနဲ့ အံ့သြရတော့၏။

**ဒါ...ဒါက ဟိုတလောကငါဝင်တိုက်မိတဲ့ ကောင်လေးမဟုတ်လား?
ငါ...ငါထင်ထားတာက သူငါ့ကိုသိတောင်မသိဘူးလို့ထင်ထားတာ ခုတော့ငါ့ Top Fan တောင်ဖြစ်နေပါလား Hak 😎😎**

သူ့ဟာသူ confident အပြည့်နဲ့ကြိတ်ပြုံးနေမိခိုက်....
Ent Host က Fan တွေကိုမိတ်ဆက်ခိုင်းလိုက်တဲ့ တခဏမှာတော့....

"အားလုံးပဲ မင်္ဂလာပါ။ တကယ်တော့ကျွန်တော်က ရိဖန် မဟုတ်ပါဘူး။ ရိဖန်ကကျွန်တော့်သူငယ်ချင်းပါ။ သူက Accident တခုဖြစ်ပြီးဆေးရုံကနေမလာနိုင်တာကြောင့် သူ့အစား သူမေးချင်တာတွေ ပြောချင်တာတွေအတွက် ကျွန်တော်လာပေးတာပါ။"

ထိုကောင်လေးစကားအကြား Yibo သူ့ခေါင်းကိုသူ တိုင်နဲ့ပြေးတိုက်ချင်မိတော့လေသည်။
(ဖုတ်ခနဲမည်အောင်ပြုတ်ကျသွားတဲ့ သူ့ confidence လေးအတွက်မျက်ရည်နှစ်စက် 😑😑)

ထိုကောင်လေးက သူ့နာမည်ကိုတော့သူမိတ်ဆက်မပေး။ ရိဖန်အစားလာ၍ သူ့အားရိဖန်ဟုခေါ်ရန်သာပြောသည်။ ထိုနောက်သူ့သူငယ်ချင်းရိဖန်ကို Fan Service အနေနှင့် Video Call ခေါ်ကာနှစ်သိမ့်ပေးရ၏။
ကျန်တဲ့ Fan နဲ့ Actor အမေးအဖြေကိုတော့ ထိုကောင်လေးကပဲဆက်လုပ်သည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ