PART-6: My White Flag is Yours

7.1K 649 34
                                    

ခုတလော Yibo ဘဝထူးဆန်းတာတွေတခုပြီး တခုဆက်တိုက်ဖြစ်နေသည်။ တခုမှလဲဆက်စပ်မရ။
နေပြန်ကောင်းလာတော့ အလုပ်တွေကထုံးစံအတိုင်းပြန်များလာသည်။ ရိုက်ကွင်းအပြီး Yubin ကခေါ်လာသည်။

Yubin: Yibo ဘားသွားရအောင်

Yibo: အင်း သွားလေ။ Hao Xuan(HX) ကိုလဲခေါ်လိုက်မယ်။

Yubin: အင်း ခေါ်လေ။ သူနဲ့မတွေ့တာတောင်ကြာပြီ။

အရင်က HX လည်း Model လုပ်ခဲ့ဖူးသဖြင့် Yubin နဲ့လဲရင်းနှီးသည်။ နောက်မှသူ့အိမ်က Xuan Group အမွေဆက်ခံသူဖြစ်လာမယ့်သူက အနုပညာတွေလုပ်မနေနဲ့တော့ဟုဆိုကာ စီးပွါးရေးထဲပစ်သွင်းလိုက်သည်။ ခုတော့ သူဌေးသား လူဆိုးလုပ်နေသူ HX။

Yibo: ဘယ် Bar သွားမှာလဲ?

Yubin: ခုတလော JJ Bar နာမည်ကြီးနေတယ်။ အဆိုတော်တက်သစ်စလေး အသံအရမ်းကောင်းဆိုပဲ။ ငါတို့ Ent ကတောင်မျက်စိကျနေတယ်။

Yibo: okay လေ။ HX ကိုပြောလိုက်မယ်။ JJ Bar နော်

ဒီလိုနဲ့ Yibo နဲ့ Yubin JJ Bar ချီတက်လာသည်။ Bar နား Car parking ထိုးနေတုန်း Yibo သူနှင့်ရင်းနှီးပြီးသားအဖြူရောင်ပုံရိပ်လေးကိုလှမ်းမြင်သည်။ Yibo ရင်ထဲအတိုင်းအဆမရှိ ဝမ်းသာသွားသည်။ အဖြူလေးကိုလိုက်ကြည့်ရင်း အဖြူလေးက သူတို့သွားမည့် JJ Bar ထဲဝင်သွားသည်။

**အော် မင်းက Bar တွေဘာတွေတောင်သွားတတ်နေတာပဲ**
Yibo နှုတ်ခမ်းတခြမ်းရွဲ့ကာ လူဆိုးပြုံးပြုံးလိုက်သည်။

Yibo ကို Yubin လှမ်းကြည့်ရင်း
Yubin: Yibo ပြုံးတာကလဲကြောက်စရာကြီး

Yibo: အာ ဘာမှမဟုတ်ပါဘူး

JJ Bar ထဲဝင်ခဲ့ကြတော့၏။ အပျော်အပါးဆိုလျှင်ရှေ့ဆုံးကရောက်နေတတ်သော HX ခေါ်ရာကိုသွားထိုင်ကြသည်။ Yibo ပတ်ဝန်းကျင်ကိုလျှောက်ပတ်ရှာသည်။ အဖြူလေးအားမတွေ့။
**ငါမျက်စိမှောက်တာဘယ်လိုမှမဖြစ်နိုင်ဘူး။ သေချာတယ် သူမှသူ**

Yubin ကခဏဟုဆိုကာ ဘယ်ထွက်သွားမှန်းမသိ။
အရှေ့တီးဝိုင်းမှသီချင်းတွေတပုဒ်ပြီးတပုဒ်ဆိုနေသည်။ Yibo အာရုံမရ သူ့အဖြူလေးကိုပဲလိုက်ရှာနေမိသည်။ ခေါင်းလဲ 360° လည်နေပြီလေ။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Donde viven las historias. Descúbrelo ahora