PART-20: ချစ်သက်လက်ဆောင်

4.7K 439 14
                                    

ဒီနေ့လည်းရေတံခွန်လေးဆီသို့ သူအပြေးလေးလာခဲ့သည်။

မျှော်လင့်ခြင်းတွေ ဆုတောင်းခြင်းတွေက မပြည့်လာတော့ မိုးနတ်မင်းကိုစိတ်ထဲကကျိန်ဆဲမိသည်။

ရေတံခွန်နားမြစ်ကမ်းစပ်မှာသွားထိုင်တော့

"လန်ကျန့်...."

"လန်ကျန့်......ရေ....လန်ကျန့်" အသံသဲ့သဲ့

သူ့နားကိုသူမယုံနိုင်.....ရင်နဲ့မဆန့်နိုင်တဲ့ ပျော်ရွှင်ခြင်းတွေက တကိုယ်လုံးဆောင့်တိုးနေပြီ။

ဝမ်းသာအားရနဲ့ပတ်ဝန်းကျင်ကို ပတ်ရှာတော့ဘယ်သူမှမရှိ။

ဒါပေမယ့် သေချာတယ်....
ဒါသူကြားယောင်နေခြင်းမဟုတ်။

ဝေ့ရင်း မှ ဝေ့ရင်း....

"လန်ကျန့် ငါဒီမှာ.....ငါဒီမှာလို့"

အသံကြားရာ မော့ကြည့်လိုက်တော့ ဟိုးရေတံခွန်ထိပ် ကျောက်အစွန်မှာထိုင်နေရင်း လက်တွေဝှေ့ရမ်းပြနေတဲ့ သူ့ရဲ့ယုန်ဖြူလေး။

ရေတံခွန်ရေမွှားတွေကြား သက်တံ့ကြီးရဲ့ကြားမှာ အလှဆုံးပြုံးနေတဲ့ ချစ်ရသောသူ....

သူ့ခြေလှမ်းတွေကတားမရအောင်မြန်ဆန်နေသည်။ သာမန်လူ ၂နာရီလောက်တက်ရမည့် ရေတံခွန်တောင်ကို မရပ်မနား ကိုယ်ဖော့ရင်းပြေးတက်ခဲ့တာ...
ဝေ့ရင်း ကိုတွေ့ချင်ဇောတခုနဲ့....

သူ့ကိုတွေ့တော့ မျက်လုံးလေးမှေးကာ ယုန်သွားလေးတွေပေါ်အောင်ပြုံးပြလာသည်။

"လန်ကျန့် ငါကို သတိရနေလား"

သူ အကြာကြီးမလှုပ်မရပ် ဘာမှမပြောဘဲ ဝေ့ရင်း ကိုရပ်ကြည့်နေမိသည်။ တပတ်ကြာကာလအတွင်း သူ ဝေ့ရင်း ကိုဆုံးရှုံးရတော့မည်ဟု အကြိမ်ကြိမ် ထင်မှတ်ခဲ့ရဖူးသည်။

ကြည့်ပါရစေ.....မတွေ့ရတာကြာတဲ့ တစ်ပတ်စာအတွက် အတိုးချကြည့်ပါရစေ။ ဖြစ်နိုင်ရင်မျက်လုံးထဲထည့်ထားပါရစေ....

သူ့ကို ဘာစကားမှမပြောပဲ စူးစူးစိုက်စိုက်ကြည့်နေတဲ့ လန်ကျန့်ကြောင့် ဝေ့ရင်း အနေရခက်လာသည်။
**လန်ကျန့် ငါ့ကိုစိတ်ဆိုးနေတာများလား**

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now