PART-39: ခါးစည်းခံမယ့်သူ

Start from the beginning
                                    

"ဒီနားလေး ဒီနားလေး" (မျက်လုံး)

"မွ မွ"

"မွ" မပြောပဲနမ်းလိုက်တဲ့နှုတ်ခမ်းလေး....

ကျေနပ်နေတဲ့ဝေ့ရင်း....

ဒီလိုနဲ့ နေဝင်ချိန်ကိုတူတူဖြတ်သန်းခဲ့ကြတယ်....
ဘဝနေဝင်ချိန်ပဲ မဖြစ်စေချင်ခဲ့တာ...

…………

ရိပေါ်နှစ်ခြိုက်စွာအိပ်မောကျနေခဲ့တယ်...

ကားလေးတစ်စီးခြံထဲကထွက်သွားခဲ့တယ်...

…………

"ဟင်....ဝေ့ရင်း....
ဝေ့ရင်း.....မင်းငါဆီကိုပြန်လာခဲ့တယ်???"

"အင်း....
ဝမ်ချောင်....ငါ မင်းကိုအကူအညီတောင်းစရာရှိလို့"

"ဟင်......"

ဒီရက်ပိုင်းအတွင်းဝမ်ချောင်အရမ်းပိန်ကျသွားခဲ့တာ..
ဝေ့ရင်းစိတ်နဲ့အစားလဲကောင်းကောင်းမဝင်တော့....

သူဝေ့ရင်းကိုသတိရလွန်းလို့ လာချောင်းကြည့်ခဲ့သေးတယ်....

အမှန်ကတော့ ဝေ့ရင်းကိုပြန်လာခေါ်ဖို့လာခဲ့တာ အဲဒီတုန်းက.....
ရိပေါ်ကိုသူသတ်ဖို့ ကြံလိုက်သေးတယ်.....

အဲဒီမှာ ရိပေါ်ရင်ခွင်ထဲပျော်နေတဲ့ ဝေ့ရင်းကိုသူတွေ့ခဲ့ရတယ်။ သူ့ရင်တွေတစဆီဆွဲဖြဲခံလိုက်ရသလိုပဲ....

ဒါပေမယ့် သူသိပ်ချစ်တဲ့ဝေ့ရင်းမျက်နှာက အပြုံးလေးပွင့်လာတယ်....အဲဒီအပြုံးကိုသူ မတွေ့ခဲ့ရတာကြာပြီပေါ့....
သူအတွက်ဘယ်တော့မှမဟုတ်တဲ့ အပြုံးလေးလေ....

သူ့အတွက်မဟုတ်ပေမယ့် အဲဒီအပြုံးတွေကို သူထာဝရရှင်သန်စေချင်တယ်....

သူတောင် သတိလစ်နေတဲ့ဝေ့ရင်းကို ခဏတာပိုင်ဆိုင်ခွင့်လေးရတုန်းက မိုးမမြင်လေမမြင်ပျော်နေခဲ့ဖူးတယ်...

ဝေ့ရင်းလဲသူအရမ်းချစ်ရတဲ့သူနားမှာနေရတဲ့အခါ ဘယ်လောက်ပျော်မလဲ သူတွေးကြည့်မိတယ်...

ဝေ့ရင်းအပျော်တွေသူ့ဆီကူးစက်လာတယ်...
ဒီနှစ်ပေါင်းများစွာအပြီးမှာ ဝေ့ရင်းပျော်ရင်သူလိုက်ပျော်တတ်လာခဲ့ပြီ....

အချစ်ဆိုတာထူးဆန်းတယ်...
အချစ်အတွက်လူတွေမြောက်မြားစွာနဲ့စစ်ခင်းခဲ့တဲ့ လူတစ်ယောက်ဟာ ခုတော့အချစ်အတွက် လည်စင်းပေးတတ်နေပြီ။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now