ခ်ယ္ရီေတြပြင့္တဲ့တစ္ေန႔ (Final)

En başından başla
                                    

မ်က္ရည္က်မလာေအာင္ ေကာင္းကင္ျပာႀကီးကိုေမာ့ၾကည့္ရင္းထိန္းေတာ့...
အလြမ္းေတြကလွ်ံက်လာတယ္....

ေလအေဝ့မွာ ပုေလြသံခ်ိဳျမျမၾကားရတယ္....
ေလထဲကသီခ်င္းသံေလးက မင္းကိုပိုလြမ္းေဆြးေစတယ္...

ကိုယ္ႏွလံုးသားခုန္သံကို ကိုယ္ျပန္နားေထာင္ရင္း မင္းနဲ႔စကားေတြေျပာေနခဲ့တယ္....

သီခ်င္းသံေလးတိတ္သြားတယ္....

ဘဝဆိုတာ ျဖစ္ၿပီးပ်က္ပဲ....
ပ်က္ၿပီးရင္လဲျဖစ္လာၾကဦးမွာပဲ.....

လွဲအိပ္ေနတဲ့ကိုယ့္ကိုအရိပ္တစ္ခုက လာမိုးတယ္။

မ်က္ဝန္းေတြဖြင့္ၾကည့္ဖို႔မရည္ရြယ္ေပမယ့္ အလိုလိုပြင့္သြားခဲ့တယ္...

ႏွလံုးသားကတဆတ္ဆတ္ခုန္တယ္...

"ေဝ့ရင္း???"

"ဟင့္အင္း.....ကၽြန္ေတာ္က ေရွာင္းက်န္႔"
မ်က္လံုးေတြမွိတ္သြားတဲ့အထိ ျပံဳးျပခဲ့တဲ့ယုန္ေလးတစ္ေကာင္ရွိတယ္....

#################################

Unicode

ကျောက်တိုင်ဖြူဖြူလေးမှာ ပန်းစည်းလေးနှစ်စီးရှိနေခဲ့တယ်...

Eternal Love- အဆုံးမဲ့ချစ်ခြင်းလို့အဓိပ္ပါယ်ရတဲ့ Heliotrope ခရမ်းရောင်ပန်းစည်းလေးနဲ့....

Longing for you- မင်းကိုတောင့်တနေတုန်းပဲလို့အဓိပ္ပါယ်ရတဲ့ Pink Camellia ပန်းရောင်ပန်းစည်းလေး....

ပန်းရောင်ပန်းလေးတစ်ပွင့်ရင်ဘတ်မှာထိုးထားတဲ့ ဝမ်ချောင်က ဆေးလိပ်လေးဖွာကာ အဝေးတစ်နေရာကြည့်ရင်း...

နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့အဖြစ်အပျက်တွေကဒီလိုအချိန်ဆိုမတွေးလည်း အတွေးထဲဝင်ဝင်လာတယ်....

တွေးရင်းခပ်ဖွဖွပြုံးမိတော့ ပါးပေါ်မျက်ရည်တစ်စက်ကျလာတယ်....
ဆေးလိပ်ငွေ့တွေကြားမှာ ဝေ့ရင်းပြုံးနေခဲ့တယ်...

ဝေ့ရင်းကသိပ်လည်ခဲ့တယ်...
လူလည်သူရဲကောင်းကြီး ဝေ့ရင်းလေး....

အမုန်းလေးတစ်ခုပဲလိုခဲ့တာ...
သူသိပ်ချစ်ရသူရဲ့အမုန်းလေး...
သူ့ကိုဆို လန်ကျန့်က ဘယ်တော့မှမမုန်းနိုင်မှန်းသိတော့...

လူလည်လေးကမျက်နှာဖုံးဝတ်ပြီး အမုန်းတောင်းခံခဲ့တယ်တဲ့လား???

ကျိန်စာပြယ်တဲ့အချိန်မင်းနှလုံးသားနုနု ဘယ်လောက်နာကြင်နေခဲ့လိမ့်မလဲ....

ငါကတော့ မင်းနောက်ဆုံးဆန္ဒအတိုင်း ရှိနေပေးခဲ့ပါတယ် ဝေ့ရင်း....

******

ဒီနေ့ကဝေ့ရင်းကိုယ့်ဘေးနားကပျောက်သွားပြီး နှလုံးသားထဲနှောင်ဖွဲ့ခဲ့တာ ၂၈ နှစ်ပြည့်ပြီ။

ချယ်ရီပင်အောက်က မြေပုံမို့မို့လေးနားမှာ ကိုယ်ထိုင်နေခဲ့တယ်....

ချယ်ရီပွင့်လေးတွေ တလွှလွှကြွေကြလာတယ်...
ကိုယ်နဲ့တူတူချယ်ရီလေးတွေ မင်းကြည့်နေခဲ့ရဲ့လား ဝေ့ရင်း???

သိပ်လှရင် ကြွေကျတာစောတတ်လား???

ကိုယ်လက်တစ်ဖက်နဲ့ခေါင်းအုံးရင်း ကျန်လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မင်းဘေးနားလှဲအိပ်နေမိတယ်...

မင်းနိုးလာရင် ကိုယ့်လက်မောင်းခေါင်းအုံးလုပ်နိုင်အောင်....

မျက်ရည်ကျမလာအောင် ကောင်းကင်ပြာကြီးကိုမော့ကြည့်ရင်းထိန်းတော့...
အလွမ်းတွေကလျှံကျလာတယ်....

လေအဝေ့မှာ ပုလွေသံချိုမြမြကြားရတယ်....
လေထဲကသီချင်းသံလေးက မင်းကိုပိုလွမ်းဆွေးစေတယ်...

ကိုယ်နှလုံးသားခုန်သံကို ကိုယ်ပြန်နားထောင်ရင်း မင်းနဲ့စကားတွေပြောနေခဲ့တယ်....

သီချင်းသံလေးတိတ်သွားတယ်....

ဘဝဆိုတာ ဖြစ်ပြီးပျက်ပဲ....
ပျက်ပြီးရင်လဲဖြစ်လာကြဦးမှာပဲ.....

လှဲအိပ်နေတဲ့ကိုယ့်ကိုအရိပ်တစ်ခုက လာမိုးတယ်။

မျက်ဝန်းတွေဖွင့်ကြည့်ဖို့မရည်ရွယ်ပေမယ့် အလိုလိုပွင့်သွားခဲ့တယ်...

နှလုံးသားကတဆတ်ဆတ်ခုန်တယ်...

"ဝေ့ရင်း???"

"ဟင့်အင်း.....ကျွန်တော်က ရှောင်းကျန့်"
မျက်လုံးတွေမှိတ်သွားတဲ့အထိ ပြုံးပြခဲ့တဲ့ယုန်လေးတစ်ကောင်ရှိတယ်....

#################################

My Missing JigsawsPuzzle Piece(ေပ်ာက္ဆံုးခဲ့ေသာကိုယ့္ဘဝရဲ႕အစိတ္အပိုင္း-Complete)Hikayelerin yaşadığı yer. Şimdi keşfedin