ပြီးတော့အကောင်းကြီးကနေ ကောက်ခါငင်ခါ ထစိတ်ဆိုးသွားတဲ့သခင်လေးကို ကျန်းတစ်ယောက်ပိုနားမလည်နိုင်ဖြစ်နေရသည်။
ပြီးတော့လဲခုနကအခန်းထဲရုတ်တရက်ဝင်သွားမိတော့ သခင်လေးနှစ်ယောက်ဝုန်းဒိုင်းကျဲပြာယာခတ် သွားတာ သူတို့ဘာလုပ်နေကြလို့ပါလိမ့်???
ဒီမနက်ခင်းကတော့ ကျန်းအတွက်နားမလည်မှုများစွာဖြင့်....
(ဒါဒါ တို့သိရင် ကျန်းကိုရှင်းပြလိုက်ကြပါ)…………
ဦးလေးကျန်းထွက်သွားမှပဲ ရိပေါ်သက်ပြင်းချမိတော့သည်။ ကံကောင်းလို့ ဘာမှမလုပ်ရသေးခင်မို့လို့ပေါ့....
မတော်တဆ တန်းလန်းကြီးဖြစ်နေတုန်းမှ ဝင်လာရင်ဘယ်နှယ့်လုပ်မတုန်း...
(အနာကြည့်ပေးမလို့ အင်္ကျီချွတ်တုန်းတန်းလန်းကြီးကိုပြောပါတယ်...)ရိပေါ် အခန်းတံခါးကိုပြေးပြီးလော့ချလိုက်သည်။ အနှောက်အယှက်တွေထပ်မဝင်လာအောင်လို့...ဟဲဟဲ
"ဝေ့....ဝမ်ရိပေါ် ဘာလို့တံခါးလော့ချရတာတုန်း"
ဝေ့ရင်းကတော့မျက်ခုံးတွေလှုပ်နေခဲ့ပါပြီ...ရိပေါ် ဝေ့ရင်းနားအပြေးလေးပြန်သွားလိုက်ပြီး ကုတင်ပေါ်ထိုင်ကာ
"ဘာမှမဖြစ်ဘူး....လာနှောင့်ယှက်နေမှာစိုးလို့""မင်း....မင်းးးး" ပြောပြောဆိုဆိုမျက်နှာတွေပူကာရေခွက်ဆွဲ ရေသောက်ချလိုက်သည်။
"ဘာလဲ....မနက်စာစားတာလာနှောင့်ယှက်မှာစိုးလို့လို့ပြောတာ.....ဟင်းဟင်း အချစ်လေးကဘာတွေးနေလို့လဲ"
"ဖွီးးးးး....အဟွတ်အဟွတ်....."
"ဖြေးဖြေး....ဖြေးဖြေး"
"မင်းခုနကဘာ...ဘာပြောလိုက်တာ????"
ရိပေါ်မျက်နှာကြီးဖြီးကာ မျက်ခုံးနှစ်ဖက်ကိုပင့်တင်ရင်း
"အဟင်း....အချစ်လို့ခေါ်လိုက်တာလေ...အချစ်ရဲ့....ထပ်ကြားချင်လို့လားအချစ်ရေ....ဟင်အချစ်"စကားတစ်ခွန်းမှာတင် အချစ်အလုံးတစ်ရာလောက်ပါသွားသောကြောင့် ဝေ့ရင်း မျက်နှာကြီးသာမကတစ်ကိုယ်လုံးပါ နီရဲတွတ်သွားရတော့သည်။ ရှက်ကိုးရှက်ကန်းနဲ့ ဝေ့ရင်း ခေါင်းကိုဘေးသို့စောင်းငုံ့ရင်း ပွစိပွစိနဲ့
"အရှက်ကိုမရှိဘူး....အရင်ကလနိ့ကျန့်ကအဲလိုမဟုတ်ပါဘူး" တိုးတိုး တိုးတိုး တကိုယ်တည်းပြောနေမိသည်။
![](https://img.wattpad.com/cover/198553475-288-k869470.jpg)
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...
PART-35: EXTRA
Start from the beginning