ထိုနောက် ရေချိုးခန်းထဲသို့ ပြေးဝင်သွား သည်။

မြန်ဆန်လွန်း တဲ့ လုပ်ရပ်တွေ ကြောင့် ကျနော်တောင်
ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ဘာလဲဟ"

ခေါင်းကုပ်ရင်း အခန်းထဲ မှ ပြန်ထွက်လာခဲ့ သည်။

ရေချိုးခန်းထဲတွင်တော့......

"ကိုကို က လာ နှိုး တာလား

လာနှိုး မယ် ဆို ကြိုလည်း မပြောဘူး

အခုတော့ ငါရဲ့ ပုံဆိုးပန်းဆိုး များ မြင်သွားပီးလား မသိပါဘူး

စိတ်ညစ်တယ်ဟာ"

##########$$$$$$

ထမင်းဝိုင်းတွင် မနက်စာ စားရင် ကိုကို့ အား လှမ်းရှိုး
နေသည်။

ကိုကို နဲ့ မနက်စာ အတူတူ စား ဖြစ်သည် က ရှားသည်

ကိုကို က အလုပ်များလို့ မတွေ့ဖြစ်တာနဲ့ ကျနော် က
ရှက်ရမ်းရမ်း ပီးရှောင်နေတာနဲ့

အခုလည်း ကိုကို့ ပုံစံ က ခန့်ညားလွန်းနေသည်။
မျက်လွှာချထားသောကြောင့် ကျနော်လည်း အပီအပြင်ငမ်း
နေတော့သည်။

အဟွတ်*

ရုတ်တရပ် လှမ်းကြည့် လာ တာ ကြောင့် သောက်လက်စ
ကော်ဖီ ပါသီးသွား သည်။

"သားငယ်လေး ဘယ်လိုဖြစ်တာလည်း မင်းဟာ လည်း ဘယ်သူ
မှ လုမစားပါ ဘူး"

"ဟီးးးးOmma ကလည်း"

ကိုကို ကတော့ ကျနော် ကို ဂရုမစိုက်ပါ ဆက်၍ စားနေသည်။

"ကိုကို "

ကျနော် ဆီသို့ ရောက်ရှိ လာသော မျက်ဝန်း တစ်စုံ

"ကိုကို ဒီနေ့သွား စရာ ရှိလား "

"မရှိဘူး"

"ဒါဆို ကျနော့်ကို ကစားကွင်း လိုက်ပို့ပေးပါလား"

"သားငယ် ဘယ် လို ဖြစ်လို့လည်း ကလေးလည်း မဟုတ်

သာကြီး တစ်ရက်တစ်လေ နားတာ ပေးနားလိုက်ပါ"

"Omma ကလည်းး"

နှုတ်ခမ်း ကို စူကာ စိတ်ကောက်နေသည့်ကလေးငယ်

"ကိုကို နောက်မှ လိုက်ပို့ပေးမယ်နော်"

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now