ဆေးရုံဆင်းရက်က ထင်ထားသလိုပဲမို့ တွေးနေတဲ့ အကြံအစည်ကို အကောင်အထည် ဖော်ရန် Chanyeol စဉ်းစားထားသည်။
ဒီ့အတွက် Byun ကို ခဏ ပထုတ်ဖို့လိုအပ်သည်။
”Byun ”
လှမ်းခေါ်လိုက်တာနဲ့ ချက်ချင်း Baekhyun က အနားရောက်လာပေးသည်။
”ကျွန်တော် ဗိုက်ဆာတယ်
ကော်ဖီနဲ့ ကိတ် စားချင်လို့
ဝယ်ပေးလို့ ရနိုင်မလား ”
”ကျွန်တော် ဝယ်ပေးပါမယ်
Sajanim ဒီမှာပဲ နေလိုက်ပါ ”
အလိုက်မသိတဲ့ လက်ထောက်ကင်ကတော့
ပုံမှန်သူ့အလုပ် ဖြစ်တာမလို့ သူဝယ်ပေးမယ် ဆိုပြီး ပြောလာသည်ကို
Chanyeol စိတ်ထဲတော့ ထထုပစ်ချင်တဲ့ စိတ်တွေ တဖွားဖွား
”မဟုတ်ဘူး
Byun ဝယ်ပေးတာကိုပဲ စားချင်တာ
ခင်ဗျား ဝယ်ပေးတာဆို မစားဘူး။ ကြိုက်သလောက် သွားဝယ် ”
သူပြောတဲ့စကားကြောင့် Byun ရယ်နေသည်။
လက်ထောက်ကင်ကတော့ မျက်နှာကြီး သုန်မှုန်လို့။
”ကိုယ် သွားဝယ်ပေးမယ်
အမေရိကာနို မလား ”
”အင်း ကိတ်က ချောကလက်ကိတ် စားချင်တယ် ”
သူ့ဟာနဲ့သူ ဟုတ်နေကြတဲ့ ဒီနှစ်ယောက်ကို အလယ်က သက်သက် ဝင်ယောင်မိတဲ့ လက်ထောက်ကင်ခမျာ ပါးစပ်လေးပိတ်ပြီး ကြည့်နေရရှာသည်။
Sajanim ဝယ်ပေးတာမှ စားစရာ ထင်ပြီး စေတနာနဲ့ အပြေးသွားဝယ်ပေးရမဲ့ ဒီလူကျ ကြိုက်သလောက်ဝယ် မစားဘူးတဲ့လား !!
အော် ... Parkchanyeol ရယ် လို့သာ ပြောလိုက်ချင်တော့တယ်။
%&%&*%&%&
မုန့်သွားဝယ်ဖို့ Baekhyun ထွက်သွားတာနဲ့
Chanyeol လက်ထောက် ကင်နဲ့ ဆွေးနွေးဖို့ စတင်လိုက်သည်။
”လက်ထောက်ကင် ,ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား
ပြောစရာရှိလို့ Byunee ကို အပြင် ပလွှတ်လိုက်တာ ”
ထို့တော့မှ လက်ထောက်ကင် ခမျာ နားလည်သွားသလိုလို...။သို့ပေမဲ့.. ခုန စိတ်ခုတာ ပြေမလိုပဲ ရှိသေး Chanyeol ဆက်ပြောလိုက်တဲ့ စကားကြောင့်ပြေမဲ့ စိတ်တွေတောင် လေထဲ ဖုတ်ခနဲ လွှင့်ကုန်သည်။
”မဟုတ်ရင် ဒီလို နေပူထဲ Byun ကို လွှတ်စရာလား !!!
ခင်ဗျားကို လွှတ်မှာပေါ့ ”တဲ့
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~ 26
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)