"နေမကောင်းဘူးလား Chae
မျက်နှာက ဖြူဖျော့နေတာပဲ... "
ရှပ်လက်ရှည်အဖြူရဲ့လက်ထိပ်ကနောက်ဆုံး ကြယ်သီးလေးကို တပ်နေရင်း မေးလာတဲ့မောင် ။
ကျေးဇူးတင်ပါတယ် မောင်.. ဂရုစိုက်ပေးတဲ့အတွက်.
Chae အားတင်းပြုံးပြလိုက်ရင်း
"နေလို့သိပ်မကောင်းချင်သလို ဖြစ်နေလို့
စိတ်မပူပါနဲ့ မောင်... "
"ဆေးရုံသွားမလား.. "
Chae ခေါင်းသာ အသာခါပြလိုက်သည်။
"ဒီတိုင်း အိမ်မှာပဲ နားလိုက်ရင် ရတယ်
အလုပ်သာ ကောင်းကောင်းသွားပါ မောင်ရယ် "
"ဟုတ်ပါပြီ..
အရမ်း နေလို့မကောင်းရင်လည်း မောင့်ကို ဖုန်းဆက် ၊ ဆေးရုံသွားကြတာပေါ့ "
စိတ်ထဲက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ဒီတိုင်း.. မောင်ရဲ့ ဂရုစိုက်မှုသေးသေးလေးတောင် ကျေနပ်ပါတယ်။
%&%&*%&%&
တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲမြင်လိုက်ရတဲ့ လူတစ်ဦး ၊ Baekhyun အတွက် မထူးခြားတော့ပါဘူး။
"ရောက်နေပြန်ပြီလား... "
မြင်နေကြ မြင်ကွင်းတစ်ခုလိုပင်
Chanyeol တစ်ယောက် သူ့ရုံးခန်းထဲကို ကာယကံရှင် Baekhyun တောင် မရောက်သေးခင် ဝင်ထိုင်နေခြင်းပေါ့.. ။
ဒါလည်း Baekhyun ဘာမှ မပြောထားဘဲ လွှတ် ပေးထားခြင်းတွေပင်.. ။
"ပျင်းလို့်
တွဲလက်စလေးတွေကလည်း အကုန်ပြတ်သွားပြီ။ လုပ်စရာ မရှိလို့ ခင်ဗျားဆီ ရောက်လာတာပဲ.. "
ဆိုဖာထက် ပျင်းရိပျင်းတွဲ ထိုင်နေရင်းကနေ.. Baekhyun အမေးကို ပြန်ဖြေလာသူပင်..။
"ဒီနေ့ ရိုက်ကွင်း ရှိတယ် မဟုတ်ဘူးလား Channie "
"သူ့ Co. အတွက် အလုပ်ကောင်းကောင်းလုပ်စေချင်ရင်တော့ လူကိုလေသံပျော့နဲ့.. hak.. "
ВЫ ЧИТАЕТЕ
Just~~~{[Completed]}
Фанфикшнမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)