Just~ 23

11.4K 1K 143
                                        

မနက်စောစော ထတတ်တဲ့လူ ဖြစ်တာမို့ မန်နေဂျာ အစ်ကို စောစောနိုးလာသည်။
နိုးနိုးချင်း ကုတင်ပေါ်က လူနာကို သတိရတာမို့ အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်တော့

”အို! လူနာက နှစ်ယောက်တောင်လား ”

ကုတင်ပေါ်မှာ ဖက်အိပ်နေတဲ့ လူနှစ်ယောက်ကြောင့် အိပ်ချင်စိတ်တောင် ပြေကာချက်ချင်း မျက်လုံးတွေ ပြူးကုန်တော့သည်။

မြန်မြန်ဆန်ဆန် ထလိုက်တာ အလှမ်းမတော်လို့ ခုံနဲ့ညပ်ပြီး  ခြေမထိပ် နာသွားတာတောင် ဂရုမစ်ိုက်အား။
လူနာ double ကိန်း ဖြစ်သွားတာကို စိတ်ဝင်စားနေသည်။

အနားသွားကာ ကြည့်မှ

”အို!
Byun sajanim ပါလား ”

Byun sajanim ရဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝင်အိပ်နေတဲ့ Chanyeol
ကျိူးထားတဲ့လက်ကိုလည်း Sajanim ပေါ်မှပဲ တင်ထားသေးသည်။

ရုတ်တရက်ကြီး Byun sajanim ကို တွေ့လိုက်ရတာရယ်
သူ့အမျိုးသမီးနဲ့ယှဉ်ရင် Chanyeol ကို ရွေးချယ်မှာ မဟုတ်လောက်ဘူး လို့ တွေးထင်ကာ
ဒီကို ရောက်လာမယ် လို့တောင် သူလုံးဝ မတွေးခဲ့မိတာ အမှန် ..။
အခုလို Chanyeol ကိုသာ ရွေးချယ်ပြီး ရောက်လာတဲ့ လူကြောင့် သူတောင် ပျော်ရသည်။

တဆက်တည်းလည်း ParkChanYeol ရဲ့ ဒီအခန်းကို ရအောင် ယူရမယ် ဆိုတဲ့ အကြောင်းက်ိုလည်း တွေးမိသွားသည်။
Byun sajanim နဲ့ အတူအိပ်လို့ရအောင် ဒီလို ကုတင်အကြီးပါတဲ့ VVIP လူနာခန်းကို ပြောင်းခိုင်းမှန်း အခုမှရိပ်မိတဲ့ အဖြစ် ။
Parkchanyeol ရယ် မင်းမလဲ အချိန်ပြည့် အကြံညဏ်က အပြည့်ပဲ.. ။

”ငါ့ကျတော့ ကုတင်ပေါ် လာအိပ်ပါလို့ ဝတ္တရားအရတောင် တစ်ခွန်း မခေါ်ဘူး ဘယ်အချိန်က ရောက်လာမှန်း မသိတဲ့ Byun sajanim ကျ အိပ်ယာပေါ် ခေါ်ပြီး ရင်ခွင်ထဲတောင် ခေါင်းတိုး ဝင်ချွဲနေသေးတယ် ။
လူကို ခွဲခြားခွဲခြားနဲ့...

Accident ကို Parkchanyeol ကိုယ်တိုင်သာ
ဖန်တီးမှန်းသာ သိရင်တော့ ...
ဟင်းး ဒီလို သူ့ရင်ခွင်ထဲ ခေါင်းတိုးပြီး အိပ်ခိုင်းပါဦးမလား ?
ဟူး ရင်လေးတယ် ”

ရုတ်တရက် နိုးလာဟန် ရှိတဲ့ Byun sajanim
ရပ်ကြည့်နေတဲ့ Manager hyung ကိုတောင် မြင်ပုံမတူဘဲ သူ့ရင်ခွင်ထဲခေါင်းတိုးဝင်အိပ်နေတဲ့ Chanyeol ကိုသာ ပြုံးပြီး ကြည့်နေရင်း ဆံပင်စတွေကိုတောင် ပွတ်သပ်ပေးနေသေးတာကို မြင်တော့ ကြည့်နေတဲ့ လူမှာ ပါးစပ်အဟောင်းသား။

Just~~~{[Completed]}Where stories live. Discover now