နေ့လည်ချိန်ကျ လက်ထောက်ကင်က ဆေးရုံကို တစ်ထောက် ဝင်လာသည်။
”Sajanim, ပါမောက္ခအူ နဲ့ တစ်ချက်လောက် သွားတွေ့ပါဦး
ရှာနေတယ်ရယ်! ”
”ငါ ဒေါက်တာနဲ့ သွားတွေ့ဦးမယ်
ဆေးရုံဆင်းရမဲ့ အကြောင်း ပြောမလို့နဲ့တူတယ် ”
Chanyeol ကို အသိပေးပြောပြီး သူ့လက်ထောက်နဲ့အတူ လူနာခန်းထဲက ထွက်လာလိုက်သည်။
အပြင်ရောက်သည်နဲ့ Chanyeol တ်ိုက်လိုက်တဲ့ ကားကိစ္စကို မေးမိသည်။
ဝပ်ရှော့ ပို့ထားတာအပြင် ကျန်တဲ့ info တွေကို သူမသိသေး...။
”တစ်ဖက်က လူကို ကောင်းကောင်းဖြေရှင်းလို့ရရဲ့လား ”
”တစ်ဖက်ကားက တော်တော်စုတ်သွားလို့ ကားသစ်တစ်စီး တန်ဖိုးပြန်လျော်ပေးလိုက်ပါတယ်
ကျန်တာတော့ ပြသာနာ မဖြစ်ပါဘူး
အာ!!ဒါနဲ့ ..Chanyeol ssi ကားလည်း တော်တော် စုတ်သွားတယ်
အခြေအနေမကောင်းဘူး ”
Chanyeol ရဲ့ ကားပါ တော်တော် စုတ်ပြတ်သွားတယ် ဆိုတဲ့ စကားကြောင့် Baekhyun တော်တော် စဉ်းစားနေသည်။ပြီးမှ...
”အဲ့ကားကို သူအရမ်း သဘောကျတာတဲ့ ”
Chanyeol ပြောဖူးတဲ့ စကားကို အခု ပြန်ပြောင်းပြောရင်း Sajanim က မျက်နှာမှာ အပြုံးတစ်ခုက အလိုလို ရောက်လာသည်။
”အဲ့ဒါနဲ့ brand တူ ကားအမျိုးအစားကို ရအောင် ပြန်ဝယ်ထား
Channie လက် ပြန်မကောင်းခင်လိုချင်တယ်
အနီရောင် နော် ”
”လက်ဆောင် ပေးမလို့လား ”
လက်ထောက်ကင် ရဲ့စကားကို
နှုတ်ခမ်းတစ်ဖက် တွန့်ရုံလေး ပြုံးလာပြီး...
”အင်း.. ငါတန်ဖိုးထားရတဲ့ လူဖြစ်လို့
သူ ကြိုက်တဲ့အရာဆို လက်ဆောင် ပေးချင်တယ် ”
ထို့နောက် ပါမောက္ခ အခန်းရှေ့ရောက်လာပြီမလို့
စကားစပြတ်သွားကြတဲ့ နှစ်ယောက်... ။
%&%&*%&%&
”ဂုဏ်ပြုပါတယ် မနက်ဖြန် ဆေးရုံဆင်းရမယ် တဲ့
Chanyeol ssi ”
အခန်းထဲ ဝင်လာထဲက စူးထွက်လာတဲ့ လက်ထောက်ကင် ရဲ့အသံ
Byun ကတော့ ဘာမှ မပြောဘဲ ဒီတိုင်း အခန်းထဲမှာသာ..။
မနေ့ညက စကားတွေကြောင့် သူတို့ နှစ်ယောက်ကြား ဒီနေ့ စကားနည်းကာ အချင်းချင်း သိပ်လည်း စကားမပြောကြပေ..။
BINABASA MO ANG
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)