အခန်းပြောင်းထားပြီးပြီးမလို့ VVIP အခန်းတွေရှိရာကိုသာ သွားလိုက်သည်။
အခန်းတံခါးကို ဖွင့်လိုက်တာနဲ့
ကုတင်ပေါ်မှာ သေမလိုဖြစ်နေရမဲ့လူက ဖုန်းကိုင်ကာ မဲ့လိုက် ပြုံးလိုက် နဲ့ လုပ်နေတာကြောင့်
မန်နေဂျာအစ်ကို ခမျာ အထဲက််ို အပြေးသွားပြီး နရင်း ပိတ်အုပ်ချင်စိတ် တဖွားဖွား...။
စိတ်ကို ချိုးနှိမ်လိုက်ပြီး အထဲသို့သာ ဝင်လာလိုက်သည်။
"အော်! Hyung ရောက်ပြီလား
Byun ကို ဖုန်းဆက်တာ အခြေအနေ ဘယ်လိုလဲ "
ဝင်လာတဲ့လူကို တစ်ချက်မော့ကြည့်ပြီး သူ့ဖုန်းသူ လုပ်နေရင်း မေးလာတဲ့ပုံကိုက.. ။
ငါတကယ် ပိတ်ခေါက်မိတော့မယ် ParkChanYeol ။
"မင်း ဘာလုပ်နေတာလဲ
ဖုန်းကို လက်ကမချဘဲနဲ့ "
မေးတဲ့လူကို မကြည့်လာသေးဘဲ..
"Selca ရိုက်နေတာလေ ig တင်မလို့
လက် ထိထားလို့ ရိုက်ရတာ သိပ်အဆင်မပြေနေဘူး ။
Hyung တစ်ချက်လောက် ကူညီပေး "
လက်ကျိုးထားတာတောင် အရွပိုးက မပျောက်သေးပါလား ။..။
"ကျိုးမဲ့ကျိုး နှစ်ဖက်လုံး ကျိုးသွားသင့်တာ "
မန်နေဂျာ အစ်ကို က မကျေမနပ်ပြောတော့
"Hyung ကလည်း! " ဆိုပြီး စိတ်ဆိုးဆိုးအသံနဲ့ Chanyeol တုံ့ပြန်လာသည်။
လူနာ စိတ်တိုင်းကျအတိုင်း ကျောက်ပတ်တီးကိုင်ထားတဲ့ ကျိုးနေတဲ့လက် ပေါ်အောင် ဓာတ်ပုံရိုက်ပေးလိုက်ပြီး
ဖုန်းကို ပြန်ပေးလိုက်ရင်း မန်နေဂျာအစ်ကိုက အနားက ခုံမှာ ဝင်ထိုင်လာသည်။
Chanyeol ကတော့ ပုံကောင်းမကောင်း သေချာကြည့်ရှုရင်း ig တင်ဖို့ လုပ်နေသည်။
တိတ်ဆိတ်နေတဲ့ အခန်းထဲ ရုတ်တရက် ထွက်လာတဲ့ hyung ရဲ့ အသံ
"Chanyeol! မင်းယုံလား
Byun sajanim ဒီကို~ "
Hyung စကားကြောင့် hyung ကိုကြည့်လိုက်ပေမဲ့ စကားစကို ရပ်လိုက်သည်။
နောက်မှ သက်ပြင်းချကာ ဆက်ပြောလာသည်။
"မင်းဆီကို လာမယ် လို့ "
"လာမှာပါ သူစိတ်ပူသွားလောက်မှာ သေချာတာမလို့ ။ ယုံတယ် hyung
Byun ကျွန်တော့်ဆီသေချာပေါက် လာမယ်ဆိုတာ "
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)