Just ~ 10

12.8K 985 89
                                    

နောက်ကနေ ထက်ကြပ်မကွာ အနေအထားနဲ့ လိုက်လာတဲ့ ကားအဝါ...

Baekhyun သိသည်။ Chanyeol ကားမှန်း..

ဘေးလမ်းကြောင်းကို ပြောင်းတက်လာပြီး..Baekhyun ကားနဲ့ ဘေးချင်းကပ် အခြေအနေဖြစ်လာသည်။

”ByunBaekHyun!!! ကားရပ် ”

Chanyeol ကားက မှန်ချထားတာမလို့.. baekhyun ကြားအောင် လှမ်းအော်နေသည်။

”လုပ်ချင်တိုင်းလုပ်ပြီး..ဘာလို့ ရှောင်ပြေးနေတာလဲ ခင်ဗျား ”

Baekhyun ကားလမ်းကြောင်းကို မြို့ပြင် လူရှင်းလောက်မဲ့ နေရာတစ်ခုကို ဦးတည်ပြီး မောင်းလိုက်သည်။ ဒီလိုအော်ဟစ်နေတာ လူစိတ်ဝင်စားစရာတစ်ခုမဖြစ်ချင်ဘူး ။
နောက်က chanyeol ကားကလည်း ထပ်ကြပ်မကွာ လိုက်လျက်.... ။
.
.
.

”Tak..သေစမ်း... ”

ကားအချက်ပြနေမှုအရ.. မကြာခင် ဆီကုန်တော့မယ်။

Baekhyun ..မတတ်နိုင်ဘဲ.. ကားကို လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်ရတော့သည်။
ကားထဲက မထွက်ဘဲ ထိုင်နေတုန်း...မှန်တံခါးကို လာခေါက်တဲ့သူ..

”Byunbaekhyun.. တံခါးဖွင့်ပေး ”

မှန်ကို အနည်းငယ် ပွင့်ရုံလေး ဖွင့်ပေးလိုက်သည်။ အနည်းဆုံး အပြင်လူရဲ့ စကားသံတွေ ကားထဲ ပျံ့ဝင်လာတာပေါ့...

”ဘာကိစ္စ မနက်ထဲက အာရုံလာစားနေတာလဲ ParkChanYeol ”

”တံခါးဖွင့်ဆိုတဲ့ စကား နားမလည်တာလား ByunBaekHyun ”

”ဟေ့... ကိုယ်က မင်းထက် အကြီးနော်... မျိုးရိုးတပ်ပြီး အော်ခေါ်မနေနဲ့...ယဉ်ကျေးမှုမရှိ..  ”

”ဒီမှာ ကျွန်တော်က ယဉ်ကျေးမှုမရှိတဲ့လူမလို့.. စကားနားမထောင်နိုင်ဘူး...

မြန်မြန် တံခါးဖွင့်လို့ ပြောနေတယ်နော်... အချိန်ထပ်ဆွဲနေရင် မိလို့ကတော့  ခင်ဗျား မသက်သာတော့ဘူးမှတ် ”

Baekhyun ပခုံးတွန့်ပြလိုက်ရင်း...
”ခြိမ်းခြောက်တာကြီးက ကြောက်လိုက်တာ ”

ကားတံခါးဖွင့်လိုက်ပြီး..အပြင်ကို ထွက်လာတော့...မြို့ပြနဲ့ ဝေးတဲ့နေရာဖြစ်တာကြောင့်.. လတ်ဆတ်တဲ့လေညင်းနုနုတွေ တိုက်ခတ်နေသည်။

Just~~~{[Completed]}Where stories live. Discover now