Baekhyun က ဘာမှမဟုတ်တဲ့ အကြောင်းအရာတစ်ခုလို Chae ဖုန်းခေါ်တဲ့အကြောင်းကို ပြောလာခဲ့တာ Chanyeol ဘက်ကတော့ Baekhyun နဲ့ ဆန့်ကျင်ဘက်ဆန်စွာ..။

မေ့နေခဲ့တာ
တစ်ပတ်လောက် အနားမှာ ရှိနေတော့ ဒီလူဟာ သူ့အပိုင်လို့ ထင်နေမိတာ

ပြောရရင်.. ချစ်ပြီးပိုင်ဆိုင်ချင်တဲ့အရုပ်လေးတစ်ရုပ်ကို ခဏသိမ်းထားရာက ပိုင်ရှင်ပြန်လာလို့ ပြန်ပေးရမဲ့ ခံစားချက်ကြီး
ဟုတ်ပါတယ်.. ဒီလူက သူ့အပိုင်မှ မဟုတ်သေးတာ
ဘယ်လိုပဲလုပ်လုပ် အချိန်တန်ရင် သက်ဆိုင်သူ စီ ပြန်သွားရဦးမဲ့လူပဲဟာ... ။

Byun ... ခင်ဗျားကို ချစ်ခဲ့တဲ့နောက်ပိုင်း အရင်ကမာနကြီးပြီး စိတ်ဓာတ်မာတဲ့ ကျွန်တော်တောင် ရင်ဘတ်ထဲက နာကျင်တတ်လာပြီ..။

%&%&*%&%&

ကျွန်တော် ဒီရင်ခွင်မရှိဘဲ မအိပ်တတ်တော့ရင် ဘယ်လိုလုပ်မလဲ

ဆေးရုံစတက်တဲ့ ပထမနေ့ကလိုပင် အခုလည်း baekhyun ရင်ခွင်ထဲ ညအိပ်စက်နေပြန်သည်။

မင်းလူကောင်ကြီးနဲ့ ငါ့ရင်ခွင်ထဲ ဝင်အိပ်နေတာ
နေရခက်တယ် Parkchanyeol ရဲ့

နေရခက်တယ်သာ ပြောတာ ရုန်းတော့ မရုန်းပါ..

ဆေးရုံတက်ရမှ ကလေး လာလုပ်နေတဲ့ Parkchanyeol
မင်းက အဆိုးပဲ

ရယ်သံလွင်လွင်လေးနဲ့ပြောပြီး Chanyeol ကို အိပ်ပျော်အောင် ကျောပြင်က်ို လက်နဲ့ ဖွဖွလေးပွတ်သပ်ပေးနေသည်။

ဒါနဲ့လေ Byun, ဟိုနေ့က အိမ်ကိုကျွန်တော်လာမယ် ဆိုတာ သိနေတာလား
အခန်းထဲ ရောက်လို့ ဗြောင့်ကို ဖက်လိုက်တာကိုတောင် လန့်ပြီး မရုန်းသွားဘူး

မင်းပြောသလိုပဲ... ငါလည်း မင်းကိုယ်သင်းနံ့ကို အလွတ်ရနေပြီထင်တယ်
အခန်းထဲ ဝင်လာထဲက မင်းဆိုတာ လှည့်မကြည့်လဲသိပြီးသားမလို့ပဲ

ဒါဆို အဲ့နေ့က ကျွန်တော် ပြောခဲ့တဲ့စကားလေး

အခု.... အဖြေကို ကျွန်တော် သိလို့ ရနိုင်မလား

ကျွန်တော့်က်ို ခ်စ္လား? Byun

ဆင့်ကာဆင့်ကာ ပြောလာတဲ့ Chanyeol စကားအဆုံးမှာ..

ကျောပေါ်က ခပ်ဖွဖွ ပုတ်ပေးနေတဲ့လက်တွေ ရပ်တန့်သွားတာကို Chanyeol ခံစားမိလိုက်သည်။

ဖြေပေးပါလား
ကြားချင်တယ်

ရင်ခွင်ထဲက ခပ်တိုးတိုးသာ ထွက်လာတဲ့ Chanyeol စကားသံတွေ.. ။

ညည့်နက်နေပြီ ကောင်လေး
အိပ်သင့်ပြီလို့ ထင်တယ်

အပြုံးချိုချို တစ်ခုကို ထုတ်ပြုံးပြပြီး.. တစ်ဖန် သူ့ကိုကျောပုတ်ပြီး သိပ်နေတဲ့ Byun

Byun ခင်ဗျားက ကျွန်တော့်အတွက်တော့
နားလည်သလိုလိုနဲ့ နားလည်ရခက်တဲ့ လူမျိုးပဲ
သိသလိုလိုနဲ့ ခင်ဗျားကို မသိတော့ပြန်ဘူး
အချစ်က လူကို တကယ် ပင်ပန်းစေတာပဲ Byun ရယ်

ငါ့ကို မချစ်မိစေနဲ့လို့ မင်းကို ပြောဖူးတယ်နော် ကောင်လေး
တားနေတဲ့ကြားကနေ မင်းက ဇွတ်တိုးပြန်ပြီကို
ငါ့ကို တားထားတဲ့ စည်းတွေကြားက ရုန်းမထွက်နိုင်ရင် မင်းရော ငါရော နှစ်ယောက်လုံး နာကျင်ရလိမ့်မယ်
အခုအချိန်မှာ ငါ့စိတ်ရင်းမှန်ကို မင်းကို ဖွင့်ပြဖို့ မသင့်တော်သေးဘူးထင်တယ်
ဖွင့်ချပြဖို့ကိုတော့ ဘယ်အချိန်လဲ ဆိုတာ မသိသေးပေမဲ့ပေါ့
တစ်ချိန်ချိန် မင်းကို ဖွင့်ပြောပြနိုင်ဖို့ ငါမျှော်လင့်ပါတယ် ငါချစ်ရတဲ့ ကောင်လေးရယ်

နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ ညအချိန်ကို ဖြတ်သန်းရင်း....။

%&%& T.B.C %&%&

29.8.2019

Just~~~{[Completed]}Donde viven las historias. Descúbrelo ahora