Byun ... ခင်ဗျားကို ချစ်ခဲ့တဲ့နောက်ပိုင်း အရင်ကမာနကြီးပြီး စိတ်ဓာတ်မာတဲ့ ကျွန်တော်တောင် ရင်ဘတ်ထဲက နာကျင်တတ်လာပြီ..။

%&%&*%&%&

”ကျွန်တော် ဒီရင်ခွင်မရှိဘဲ မအိပ်တတ်တော့ရင် ဘယ်လိုလုပ်မလဲ ”

ဆေးရုံစတက်တဲ့ ပထမနေ့ကလိုပင် အခုလည်း baekhyun ရင်ခွင်ထဲ ညအိပ်စက်နေပြန်သည်။

”မင်းလူကောင်ကြီးနဲ့ ငါ့ရင်ခွင်ထဲ ဝင်အိပ်နေတာ
နေရခက်တယ် Parkchanyeol ရဲ့”

နေရခက်တယ်သာ ပြောတာ ရုန်းတော့ မရုန်းပါ..

”ဆေးရုံတက်ရမှ ကလေး လာလုပ်နေတဲ့ Parkchanyeol
မင်းက အဆိုးပဲ ”

ရယ်သံလွင်လွင်လေးနဲ့ပြောပြီး Chanyeol ကို အိပ်ပျော်အောင် ကျောပြင်က်ို လက်နဲ့ ဖွဖွလေးပွတ်သပ်ပေးနေသည်။

”ဒါနဲ့လေ Byun, ဟိုနေ့က အိမ်ကိုကျွန်တော်လာမယ် ဆိုတာ သိနေတာလား
အခန်းထဲ ရောက်လို့ ဗြောင့်ကို ဖက်လိုက်တာကိုတောင် လန့်ပြီး မရုန်းသွားဘူး ”

”မင်းပြောသလိုပဲ... ငါလည်း မင်းကိုယ်သင်းနံ့ကို အလွတ်ရနေပြီထင်တယ်
အခန်းထဲ ဝင်လာထဲက မင်းဆိုတာ လှည့်မကြည့်လဲသိပြီးသားမလို့ပဲ ”

”ဒါဆို အဲ့နေ့က ကျွန်တော် ပြောခဲ့တဲ့စကားလေး

အခု.... အဖြေကို ကျွန်တော် သိလို့ ရနိုင်မလား ”

”ကျွန်တော့်က်ို ချစ်လား? Byun ”

ဆင့်ကာဆင့်ကာ ပြောလာတဲ့ Chanyeol စကားအဆုံးမှာ..

ကျောပေါ်က ခပ်ဖွဖွ ပုတ်ပေးနေတဲ့လက်တွေ ရပ်တန့်သွားတာကို Chanyeol ခံစားမိလိုက်သည်။

”ဖြေပေးပါလား
ကြားချင်တယ် ”

ရင်ခွင်ထဲက ခပ်တိုးတိုးသာ ထွက်လာတဲ့ Chanyeol စကားသံတွေ.. ။

”ညည့်နက်နေပြီ ကောင်လေး
အိပ်သင့်ပြီလို့ ထင်တယ် ”

အပြုံးချိုချို တစ်ခုကို ထုတ်ပြုံးပြပြီး.. တစ်ဖန် သူ့ကိုကျောပုတ်ပြီး သိပ်နေတဲ့ Byun

••• Byun ခင်ဗျားက ကျွန်တော့်အတွက်တော့
နားလည်သလိုလိုနဲ့ နားလည်ရခက်တဲ့ လူမျိုးပဲ
သိသလိုလိုနဲ့ ခင်ဗျားကို မသိတော့ပြန်ဘူး
အချစ်က လူကို တကယ် ပင်ပန်းစေတာပဲ Byun ရယ် •••

Just~~~{[Completed]}Where stories live. Discover now