”ရေဆာတယ်ဆို
မသောက်ဘူးလား Channie ”
ခုန စိတ်ဆိုးသွားတဲ့ အသံနဲ့မတူစွာ နူးနူးညံ့ညံ့ ပြောလာပြန်ရော..။
Byun သူ့နဘေးနား ရောက်လာတယ်ဆိုတာ အိကျသွားတဲ့ ကုတင် တစ်ဖက်ခြမ်းကြောင့် သိရှိလိုက်သည်။
”စိတ်ဆိုးနေတာလား ”
Chanyeol လက်မောင်းပေါ် လက်တစ်ဖက်တင်ရင်း မေးလာတဲ့ အမေးစကားနောက်...
”မဆိုးပါဘူး ”
”စိတ်မဆိုးရင် ကောင်းမယ် Channie
စိတ်မဆိုးနဲ့တော့... ”
ဒါလေးပါပဲ.. ဒါလေးပဲ ပြောပြီး ထထွက်သွားတဲ့ ByunBaekhyun ပါပဲ..။
တစ်ချက်လောက် ... ခင်ဗျား ကျွန်တော့ကို ဆော့ကစားနေတာလား Byun
ကုတင်ပေါ်က ထထိုင်လိုက်ပြီး ဘေးဘက်ကို ခြေဆင်းချလိုက်သည်။
မျက်နှာချင်းဆိုင် ဆိုဖာရှည်ပေါ် ထိုင်နေတဲ့ Baekhyun ကလည်း ဖုန်းသုံးနေရာမှ လှုပ်ရှားသံကြောင့် Chanyeol ကို မော့ကြည့်လာသည်။
”ရေသောက်မလို့လား ကောင်လေး ”
ဖုန်းကို ဘေးချကာ.. မတ်တပ်ရပ်ပြီး
အစောက သူတင်ထားတဲ့ ရေဘူးကို စားပွဲပေါ်ကနေ ယူလိုက်ရင်း. Chanyeol နား ရောက်လာသည်။
Baekhyun ကမ်းပေးလာတဲ့ ရေဘူးကို
လက်လွှဲယူလိုက်ပြီး အနားက စင်ပေါ် တင်ထားပစ်လိုက်သည်။
”LeeYonChae .... ဖုန်းဆက်တာ ဘာကိစ္စလဲ ဆိုတာ ကျွန်တော် သိလို့ရလား Byun ”
ခပ်ဖြည်းဖြည်း ထွက်လာတဲ့ Chanyeol အသံ
”Chae?
ဘာမှ မဟုတ်ပါဘူး
နောက်နှစ်ရက်လောက်ဆို ပြန်လာတော့မယ် ဆိုပြီး လှမ်းပြောတာ ”
Baekhyun က ဘာမှမဟုတ်တဲ့ အကြောင်းအရာတစ်ခုလို Chae ဖုန်းခေါ်တဲ့အကြောင်းကို ပြောလာခဲ့တာ Chanyeol ဘက်ကတော့ Baekhyun နဲ့ ဆန့်ကျင်ဘက်ဆန်စွာ..။
မေ့နေခဲ့တာ
တစ်ပတ်လောက် အနားမှာ ရှိနေတော့ ဒီလူဟာ သူ့အပိုင်လို့ ထင်နေမိတာ
ပြောရရင်.. ချစ်ပြီးပိုင်ဆိုင်ချင်တဲ့အရုပ်လေးတစ်ရုပ်ကို ခဏသိမ်းထားရာက ပိုင်ရှင်ပြန်လာလို့ ပြန်ပေးရမဲ့ ခံစားချက်ကြီး
ဟုတ်ပါတယ်.. ဒီလူက သူ့အပိုင်မှ မဟုတ်သေးတာ
ဘယ်လိုပဲလုပ်လုပ် အချိန်တန်ရင် သက်ဆိုင်သူ စီ ပြန်သွားရဦးမဲ့လူပဲဟာ... ။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~25
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)