ထိုအခိုက် ခုံအသေးလေးပေါ် တင်ထားတဲ့ Byun ဖုန်းက မြည်ပြီး လင်းလာသည်။
ကုတင်ပေါ်က ဆင်းကာ မြည်နေတဲ့ ဖုန်းကို သွားယူကြည့်တော့
ပြုံးပြနေတဲ့ မိန်းကလေးပုံနဲ့
Content name က CHAE ဆိုတာလေး...
Chanyeol အသံကျယ်ကျယ် ထွက်မိတဲ့အထိကို မကျေမနပ် စုတ်သတ်လိုက်မိသည်။
ရုတ်တရက် ပုံကြည့်ပြီး သတိရသွားမိတာ
YonChae???
”YonChae အဲ့တစ်ယောက်ပဲ
အဲ့ဆိုင်မှာ တွေ့ခဲ့တာ ”
Byun အတွက် အကျီဝယ်ဖို့ နှစ်ယောက် ဆုံခဲ့တာ ကို Chanyeol သတိရလာသည်။
ဆိုင်မှာ စစတွေ့ထဲက Chanyeol စိတ်ထဲ လုံဝ သဘောမတွေ့ခဲ့တဲ့ အမျိုးသမီး.
အဖြေကို သိသွားပြီမလို့ ခေါင်းထဲက ပုစ္ဆာတစ်ပုဒ်က ဖြေရှင်းသွားပြီ..။
”ခင်ဗျားနဲ့ ကံကလည်း ”
လက်ထဲက ဖုန်းကို ကြည့်ပြီး Chanyeol ခပ်ရွှဲ့ရွှဲ့ပဲ ပြုံးပစ်လိုက်သည်။
ထို့နောက် အစိမ်းရောင်ဘက်လေးကို ဆွဲဖို့ လုပ်လိုက်တဲ့အချိန် ...
”Parkchanyeol!!! ”
နောက်က လှမ်းခေါ်သံနဲ့အတူ လက်ထဲက ဖုန်းလေပါ ,ပါသွားသည်။
”ငါမသိဘဲ ငါ့ဖုန်းကို ယူမကိုင်နဲ့ ”
စိတ်ဆိုးသလို လေသံနဲ့ သူ့ကို လာပြောတဲ့ Byun ကြောင့် စိတ်ထဲ နေရခက်လာသလို တင်းကျပ်ကျပ်ကြီး..
ဝမ်းနည်းသလိုလို ဘာလိုလို ခံစားချက်ကြီး ကို ခံစားလိုက်ရသလိုပဲ..။
ကျွန်တော်နဲ့ အတူ ရှိနေတာကို YonChae ဆိုတဲ့ ခင်ဗျားမိန်းမ သိသွားမှာ ကြောက်နေတာလား Byunee
ရေဘူးကို စားပွဲပေါ် တင်ပြီး အခန်းထဲက တစ်ဖန် ပြန်ထွက်သွားတဲ့ Byun နောက်ကျောပုံရိပ်က ဒီတစ်ခါတော့ သူ့ကိုတကယ်ပဲ နာကျင်လာစေသည်..။
%&%&*%&%&
တံခါးကို ဘေးတိုးဖွင့်လိုက်သံရယ် အထဲဝင်လာတဲ့ ခြေလှမ်းတွေ
အလွတ်ရနေတဲ့ ကိုယ်သင်းနံ့တွေကြောင့်
ဖုန်းပြောပြီး Byun ပြန်ဝင်လာတာ သိလိုက်သည်။
သို့ပေမဲ့... စိတ်ထဲ တစ်မျိုးဖြစ်နေတာကြောင့် ကျောပေးပြီး လှဲနေရာကနေ လှည့်မကြည့်မိ..။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~25
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)