Manager လဲခုမှ မျောက်ဖင်မီးခဲခုထိုင်နေတာကို ကုပေးလိုက်ပြီဟု သက်ပြင်းချကာအမောဖြေရုံရှိသေး သူ့ဆီ Yibo msg ဝင်လာသည်။ သူ့ဘေးမှာငုတ်တုတ်ထိုင်နေသော Yibo ကိုမျက်ထောင့်ကပ်လှမ်းကြည့်တော့ မင်းသားကမျက်မှောင်ကြုံ့ကာ သူ့ကိုပြန်ကြည့်လာသည်။

Yiboး Ge ကျွန်တော့် Msg ရလား?

Managerး အင်းရတယ်လေ။ ( ဒီ emoji ပုံ ပို့ထားတာ 😡😡)
ဘာ...ခုဘာ ဖြစ်လို့လဲ။

Yiboး ရိဖန် ကျွန်တော့် Msg ကို Seen မဖြစ်ဘူး။ reply လဲမပြန်ဘူး။

Managerး မင်းခုလေးတင်ပို့လိုက်တာမဟုတ်ဘူးလား?

Yiboး ဟုတ်တယ်လေ

Managerး (😭😭 ငါ့ကိုသာသတ်လိုက်ကြပါ) Yibo စိတ်လေးနဲနဲရှည်ပါဟ။ သူဖုန်းနားမရှိလို့နေမှာပေါ့

Yiboး ဟ...ဖုန်းနဲ့လူနဲ့ဆိုတာအမြဲကပ်ထားရတာ။ သေရေးရှင်ရေးဆိုဘယ်လို လုပ်မလဲ...blah blah blah

Manager ဆက်လက်မားထောင်နိုင်စွမ်းမရှိတော့။ ထိုနေရာတွင် သွေးပွက်ပွက်အန်သေလေသတည်း 🤮🤮

နောက်ဆုံး Msg ပို့ဖို့ပြောမိတဲ့ ငါ့အပြစ်။ ငါ့ကိုပေးသေကြပါ pls

ထိုရက်မှစ Yibo ကျင့်စဉ်ပြောင်းသွားသည်။
ငူငူငြောင်ငြောင်ထိုင်၊ သက်ပြင်းချ၊ ဖုန်းကိုင်၊ ဖုန်းကိုငိုမဲ့မဲ့ကြည့်၊ စူပုတ်ပုတ်လုပ်၊ နှူတ်ခမ်းဆူ၊ ဖုန်းပြန်ချ၊ ငူငူငြောင်ငြောင်ထိုင် ကျင့်စဉ်ဖြစ်သွားလေသည်။

မျောက်ဖင်မီးခဲခုထိုင်နေရာမှ မျောက်အမေကြီးလင်မျှော်နေသောရုပ်ဆီသို့

သို့သော် နောက် ၂ ပတ်သာကြာသွားသည်၊ ရိဖန်ဆီက Msg ပြန်မလာ။

#################################

Unicode

Yibo ဖုန်းတလုံးနဲ့ အလုပ်ရှုပ် ဂနာမငြိမ်ဖြစ်နေသည်မှာ ခုဆို ၂ ပတ် မြောက်လောက်ရှိပြီ။
Manager တယောက် Yibo ကိုကြည့်ရင်း သက်ပြင်းချမိသည်။ ခုတလော Yibo ဘာဖြစ်။
Fan Meeting ပြီးကတည်းက Yibo တယောက် ဖုန်းကိုင်လိုက်၊ သူ့ဓါတ်ပုံတွေ သူပြန်ကြည့်လိုက်၊ သက်ပြင်းချလိုက်၊ ခေါင်းခါလိုက်၊ ဖုန်းပြန်ချလိုက်၊ မျက်မှောင်ကြုံ့လိုက်၊ အဝေးတနေရာကြည့်ရင်း ခပ်ထွေထွေစဉ်းစားလိုက် ပြီးရင်ဖုန်းပြန်ကိုင်လိုက်နဲ့ အဲဒီအတိုင်းကို အစီအစဉ်အလိုက် အားတိုင်းလုပ်နေသည်။ (Yibo ကျင့်စဉ်)

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now