PART-3: Unexpected Meeting 3

Start from the beginning
                                    

Boyး အောင်မာ အဲတာကျွန်တော်မေးရမှာ ခင်ဗျားကသာဘာလို့ Zhuo Cheng အိမ်ထဲဝင်လာတာလဲ?

Yiboး Zhuo Cheng?

Boyး ဟုတ်တယ်လေ။ ဘာလဲ? Zhuo Cheng ကခင်ဗျားကိုဖိတ်ထားလို့လား? Zhuo Cheng ကဖိတ်ထားတယ်လို့လဲဘာမှပြောမထားပါဘူး။
(သူ့ကိုယ်သူရေရွတ်သလို မတိုးမကျယ်ပြောလိုက်၏)

Yiboး 😫😫 မင်းပြောတဲ့ Zhuo Cheng ဆိုတာ ဟိုထက်ခန်းကတယောက်ကိုပြောတာလား? အဲတာဆိုရင်တော့ မင်းအခန်းမှားနေပြီ ဒီအခန်းက 215။ Zhuo Cheng အခန်းက မျက်နှာချင်းဆိုင် 214။
အယ်...ဒါနဲ့မင်း ငါ့အခန်းသော့ ဘယ်ကရ?

ကောင်လေးမျက်နှာအမျိုးမျိုးပြောင်းသွားသည်။ 😱😱😨😨 ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိ ပြီးတော့မှသတိရကာ သူ့ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ ဖုန်းထုတ်လေသည်။ တခုခုကိုအမြန်ရှာပြီး Yibo ကိုဖုန်းလှမ်းပြလိုက်သည်။

Yibo လဲထိုင်ရာမှထကာ ထိုကောင်လေးနားလမ်းလျှောက်လာသည်။

Message
Zhuo Cheng: အေး...ဒါဆိုမင်းစောရောက်ရင် အိမ်ထဲဝင်နှင့်နော်။ ငါကနဲနဲနောက်ကျမှာ။ XXX Condo, Blk 240, Floor 24, Room 215. သော့ကတ်က အခန်းရှေ့ပန်းအိုးအောက်မှာ 😉

Me: အေး...အေးဆေးလုပ် ငါစောရောက်ရင် ဟင်းချက်ရင်းစောင့်နေလိုက်မယ်

Zhuo Cheng: Okay Babe. See you.
....................................................................

Yibo message ဖတ်ပြီးနားလည်သွားသည်။
Zhuo Cheng ကအခန်း number မှားရေးလိုက်ခြင်းနှင့် သူတို့နှစ်ယောက်သော့အပိုဖွက်ထားတဲ့နေရာတူနေခြင်း။

သူတို့ Condo အခန်းတွေရှေ့မှာ အလှဂမုန်းပင်တပင်ကျစီစိုက်ပေးထားသည်။
ပုံမှန်ဆို Yibo သော့ကိုအဲလိုမထား။ သူ့လို Cele တွေအိမ်ကို Fan Stalker တွေ ရရင်ရသလိုခိုးဝင်တတ်၍ဖြစ်သည်။ ဖြစ်ချင်တော့မနေ့က Yibo Designer ကခရီးထွက်မည်ဆိုကာ Yibo အိမ်အင်္ကျီတွေလာပေးရင်းညအိပ်သည်။ မနက်ကျ Yibo ကရိုက်ကွင်းသွား Designer က Yibo အိမ်ကျန်ခဲ့သည်။ သူ့ကိုပေးထားခဲ့သည့်သော့ကတ်ကို ပြန်ပေးရန်အိမ်ရှေ့ပန်းပင်အောက်ထားခဲ့သည်ဟု Message ပို့ထားသည်။
တိုက်ဆိုင်ချက်က 9 လောက်ရှိသည်။ ဒီနေ့မှ Yibo အိမ်သော့ကို ပန်းပင်အောက်ထားသည်။ ထိုကောင်လေးကလဲ သူ့သူငယ်ချင်းနဲ့ဒီနေ့ပဲအိမ်မှာတွေ့ဖို့ချိန်းထားတယ်။ သူ့သူငယ်ချင်းက အခန်းပါမှားပြောလိုက်တယ်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now