PART-2: Unexpected Meeting 2

Start from the beginning
                                    

Boy: "ဒါကရိဖန်မေးစေချင်တဲ့မေးခွန်း ၃ ခုပါ
1. Yibo Ge လှပတဲ့မိန်းကလေးနဲ့ လှပတဲ့စိတ်နှလုံးသားရှိတဲ့လူ ဆိုရင်ဘယ်သူ့ကိုရွေးမလဲ?"

Yibo: "လှပတဲ့စိတ်နှလုံးသားရှိတဲ့လူပါ ဘာလို့လဲဆိုတော့ ကျွန်တော့အတွက်က အပြင်ပန်းအလှအပဆိုတာ ဘာအတွက်မှအရေးမကြီးလို့ဘဲ ဖြူစင်တဲ့စိတ်နှလုံးသားရှိရင်ကို အဲ့ဒီလူသားကို ကျွန်တော်ရွေးချယ်မိမှာပါ"

Boy: "2.Yibo Ge တက်ကြွပြီးဖော်ရွေတဲ့ Type နဲ့ အေးချမ်းတည်ငြိမ်တဲ့ Type ဆိုရင်ဘယ်ဟာရွေးမလဲ?"

Yibo: "တက်ကြွပြီးဖော်ရွေတဲ့ Type ရွေးဖြစ်မယ်နဲ့တူတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က စကားသိပ်များများမပြောတတ်တဲ့သူဆိုတော့ နှစ်ယောက်လုံးအေးနေရင်ပျင်းစရာကောင်းမှာစိုးလို့။
Umm...ဒါပေမယ့် ကျွန်တော်သဘောကျရတဲ့ သူဆိုရင်တော့ ဘယ်လိုဖြစ်ဖြစ်ရပါတယ်။"

Boy: "3. Yibo Ge ထူးဆန်းတဲ့ ကံကြမ္မာ သို့ ရေစက် ဆိုတာကိုယုံလား?"

Yibo: "မယုံဘူး။"

ထိုကောင်လေးမေးသွားတဲ့ မေးခွန်းတွေမှာ ခေါ်တဲ့ Yibo Ge ဆိုတာထိုကောင်လေးကခေါ်တာမဟုတ်ဘဲ သူ့လက်ထဲကမေးခွန်းစာရွက်ကို တသွေမတိမ်းသာဖတ်ပြနေချင်းသာဖြစ်သည်။

သူပြန်ဖြေသမျှကို ထိုကောင်လေးက သူ့မျက်နှာပင်စေ့စေ့မကြည့်။ မျက်လွှာလေးချထားကာ ထုံးစံအတိုင်းနှူတ်ခမ်းစိထား၍ပြုံးဖန့်ဖန့်ဖြင့် ခေါင်းသာငြိမ့်သည်။

Yibo ပြီးတော့ Yubin ရဲ့ Fan နှစ်ယောက်က Yubin အားမေးခွန်းမေးကြသည်။

Yubin ရဲ့အမေးအဖြေတွေကို ထိုကောင်လေးက သေသေချာချာစိတ်ပါဝင်စားနားထောင်နေသည်။
Yubin ကိုကြည့်နေသည့်အကြည့်များကလဲ တောက်ပရွန်းလဲ့နေသည်။ တခါတရံ ရယ်စရာများပါလျှင်သူ့ရှေ့သွားလေးနှစ်ချောင်းလုံးပေါ်အောင်ရယ်လေသည်။

Yubin ကလဲသူ့ Fan နှစ်ယောက်ကိုသာမက ထိုကောင်လေးကိုပါလောကွတ်ချော်၍ လာလာပြုံးပြုံးပြသည်။ အပြုံးချင်းဖလှယ်နေနေကြတာဆိုတာ ဟွန့်
😒😒

Yibo အဖြစ်က ကိုယ့် Fan အဖြစ်နေပေးရမယ့်သူက သူများကို တငေးတမောကြည့် အားကျနေတဲ့အဖြစ် 😫😫

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now