”ချွတ်လိုက်မယ်နော် Channie ”

”ချွတ်လိုက်လေ
လက်ကျိုးတာတွေ ဘာတွေ မသိတော့ဘဲ ခင်ဗျားအိပ်ရာပေါ်မှာ တစ်ခါထဲ ပွဲကြမ်းပစ်မှာ
လုပ်လိုက်လေ ”

”မင်းမလုပ်နိုင်ပါဘူးကွာ ”
ပြောပြီး အားရပါးရ အော်ရယ်နေတဲ့ Byun ဟာ သူ့ကို လှောင်ပြောင်နေတာအသေအချာ..

မိုးကောင်းတုန်း ရွာထားစမ်းပါ ByunBaekhyun ရယ်
အလှည့်ကြ မနွဲ့စတမ်းပေါ့..

အိမ်က်ို ပြန်လာတုန်းက မျက်မှောင်တွေကျုံ့ပြီး စိတ်ဆိုးနေတဲ့ လူက အခုတော့ အကြီးအကျယ်ကို အော်ရယ်နေလေရဲ့
တစ်စုံတစ်ယောက်ရဲ့ ဖြစ်တည်မှုက သူ့ကို စိတ်ဆိုးအောင်လည်း လုပ်နိုင်သလို စိတ်ပျော်ရွှင်အောင်လည်း ပြန်လုပ်ပေးနိုင်တဲ့ လူမျိုး..

%&%&*%&%&

”ပြောစရာ ရှိတယ် Byunbaekhyun ”

အိပ်ယာပေါ် ခြေတစ်ချောင်းဆင်း တစ်ချောင်းကို ကွေးပြီး အဆန့်သား လှဲနေတဲ့ Chanyeol ပြောစကားကြောင့်... ဘောင်းဘီဇစ်ကို အပြီးသတ်တပ်ပြီး Chanyeol ဘက် လှည့်ကာ. ပြော ဆိုတဲ့ သဘောနဲ့ ခေါင်းညိမ့်ပြလိုက်သည်။

”ဒီနားကိုလာခဲ့ပေး... Byun
နီးနီးကပ်ကပ် ပြောချင်လို့ ”

”ဘာမလို့လဲ
အရေးကြီးလို့လား ”

”အင်း ကျွန်တော့်ဘဝနဲ့ သက်ဆိုင်တာ ဆိုတော့ အရေးကြီးတယ် ပြောရမှာပေါ့ ”

လွတ်နေတဲ့ ခွက်ထဲ ဝိုင်ထပ်ဖြည့်နေရင်းကနေ

”ဘာလဲ.. နောက်ညာဘက်လက်ပါ ကျိုးတော့မယ် တဲ့လား ”

”Byun!!! ”

ခပ်နင့်နင့် အော်ခေါ်လာတဲ့ Chanyeol အသံ နောက်မှာ ရယ်သံတစ်ခုကပါ ကပ်ပါလာသည်။

”တော်တော့ဗျာ.. အဲ့ဝိုင်ကို အဖက်မလုပ်နေဘဲ ဒီနားသာ လာထိုင်ပါ ”

”ဘာပြောမှာ မလို့လဲ ”

သဘောတော် အတိုင်း အနားသွားကာ ထိုင်ပေးတော့ ကိုယ်တော်လေးက လှဲနေရာကနေ ထိုင်နေတဲ့လူ နဘေးနား ကပ်ထိုင်လာသည်မှာ လှစ်ခနဲ..

”လက်ခဏလောက် ”

”ဘာပြောမှာမလို့ ဒီလောက်စကားပလ္လင်ခံနေတာလဲ
စကားက လက်က်ိုင်ပြီးပြောမှ ရမှာမလို့လား …”

Just~~~{[Completed]}Where stories live. Discover now