”ဘယ်လိုနေလဲ Honey ”

ဆင့်ကာ မေးမိတော့

”Byunbaekhyun!! တော်လိုက်တော့နော်
ရပ်လိုက်တော့ ”

ချက်ချင်း အကြည့်လွှဲပြီး ချွေးစေးတွေ ထွက်လာတဲ့ Chanyeol ကို ကြည့်ပြီး အူလှိိုက်သဲလှိုက် ရယ်မိတဲ့အထိ... ။
စိတ်ဆိုးနေတာတောင် ပျောက်ချင်ချင်..။

”ရယ်ထားပါ..ရယ်ထားပါ ဟင်းးး လက်ပြန်ကောင်းရင် တွေ့ကြတာပေါ့ Byunbaekhyun ရယ်
အဲ့ကျ အကျီတွေ အကုန် မကပ်အောင် ဆွဲဖြဲပစ်မှာမလို့ ”

Chanyeol စီက ကြိမ်းဝါးသံကို ကြားရဲ့သားနဲ့ မကြားချင်ယောင်ဆောင်နေသည်။

”ဖယ် ... အကျီလဲတော့ ခင်ဗျား
ကျွန်တော် ရွေးပေးမယ် ”

ဘီဒိုရှေ့က Baekhyun ကို ဖယ်ထုတ်ပြီး အကျီရွေးနေတဲ Chanyeol ပင်.။

”ဟိုတစ်ခါ ကျွန်တော် ဝယ်ပေးဖူးတဲ့ အကျီလေ
အဲတာ ဘယ်မှာလဲ

အာ!! တွေ့ပြီ ”

မေးတုန်းရှိသေး အကျီကို ရှာ တွေ့လိုက်တာကြောင့်
ချိတ်နဲ့ ချိတ်ထားတဲ့ အကျီကို ယူပြီး Baekhyun လက်ထဲ ထည့်ပေးလိုက်သည်။

”အဲ့တာဝတ် ”

”မင်းရှေ့မှာ ဝတ်ရမှာလား ”

ပြုံးစစနဲ့ သူ့ကို နောက်နေတာကြောင့် Chanyeol မကျေမနပ်ပင် ကြည့်ပစ်လိုက်သည်။

”အခု ငါ့ကို half nake မြင်လည်း ဘာမှ လုပ်လို့ မရပါဘူး
လက်ထိထားတာဆိုတော့

So.. စိတ်ကို ထိန်းထား Honey ”

ဝတ်ထားတဲ့ အကျီကို ချွတ်ချရင်း Chanyeol ထုတ်ပေးတဲ့ အကျီကို ဝတ်မယ် လုပ်စဉ်..
တစ်ခုခုကို စဉ်းစားမိဟန်နဲ့...

Chanyeol နား shirtless အနေအထားနဲ့ ဆွေ့ခနဲ ရောက်လာတဲ့ Baekhyun..

”အခုရော ဘယ်လိုလဲ ငါ့ပုံစံက ”

”သွား!! အကျီ သွားဝတ်!! ”

အံကြိတ်သံကြီးနဲ့ တရှူးရှူးတရှဲရှဲ ဖြစ်နေတဲ့ Chanyeol ကြောင့် ထပ်ကာ စချင်လာသည်။

”ဘောင်းဘီရော ချွတ်ပြီး အသစ်လဲဝတ်မှာ
အခု ချွတ်ရမလား Honey ”

ခါးပတ်ကြိုးပေါ် လက်တို့ကရောက်လာပြီး သူ့ကို စရတာ ပျော်နေတဲ Byun ကြောင့် chanyeol မနေနိုင်တွေ ဖြစ်နေပြီ.

Just~~~{[Completed]}Donde viven las historias. Descúbrelo ahora