အရမ်း စိတ်ဆိုးနေတာများလား?
မှားသွားပါတယ် နောက်မလုပ်တော့ပါဘူး ဆိုပြီး  တစ်ခါထဲ ဒူးထောက် တောင်းပန်လိုက်ရမလား လို့ပင် Chanyeol တွေးမိလိုက်သည်။

မရဲတရဲ နဲ့ပဲ

”Byun ”

ထူးမလာဘဲ ကိုင်ထားတဲ့ ဝိုင်ခွက်ကြည်ထဲက အရည်တွေကိုသာ မော့သောက်နေသည်။

”စကားမပြောဘဲ မနေနဲ့လေဗျာ
စကားပြောမှ တောင်းပန်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်လို့ရမှာပေါ့ ”

”......”

”Byunee ”

မျက်နှာကို မော်ဖူးဖို့ ဖက်ထားတာကို အသာ ဖြုတ်လိုက်ပြီး ရှေ့က်ို တိုးကပ်မိသည်။

”တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်
နောက်အဲ့လို ထပ်မလုပ်တော့ပါဘူး
အဲ့ဒါကြောင့် ဒီတစ်ခါ နောက်ဆုံးထားပြီး ခွင့်လွှတ်ပေးပါ
နောက်ထပ် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့ ”

ကျိန်ဆိုသလိုမျိုး လက်ဖဝါးကို ထောင်ကာ
မျက်လုံးချင်းဆုံအောင် ကြည့်ပြီး စိတ်ရင်းနဲ့ တောင်းပန်မိသည်။

ဘယ်သူ့ကိုမှ မတောင်းပန်ဖူးဘူး Byun
ခင်ဗျား ခင်ဗျား ဖြစ်နေလို့သာ ကျွန်တော့် မာန အတ္တအကုန် ခဝါချပြီး တောင်းပန်နေတာ ....

ဆုံကြည့်နေတဲ့ သူ့အကြည့်တွေကို လွှဲပစ်လိုက်ပြီး ဝိုင်ကိုသာ လှုပ်ပြီး သောက်နေတဲ့ Byun ပုံရိပ်
ငယ်ဟာ သူ့အတွက်တော့ လုံးဝ နတ်ဘုရားအလားပင်..
သူတော်တော် Byun ကြောင့် ရောဂါ ကျွမ်းနေပြီထင်တယ်။
ရောဂါဆိုတာက သိလိုက်ရင် ပိုပြီး ကျွမ်းလာတယ်မလား... ။

ရုတ်တရက် သစ္စာရှိတဲ့မျက််လုံးတို့က လွတ်နေတဲ့ ကြယ်သီးတို့စီ ရောက်သွားတာကြောင့်

”ကြယ်သီးမတပ်ဘဲ ဘာလုပ်နေတာလဲ
မဟုတ်မှ.. ကျွန်တော့်ကို ဆွဲဆောင်မလို့လား ”

”သောက်မလား ”

သူ့ဝိုင်ခွက်ကို ထိုးပေးပြီး မေးလာတဲ့ Byun စကားငယ်
အခု စကားပြန်ပြောလာပြီ မလို့ အနည်းဆုံး mission အောင်သွားတယ်ပဲ ပြောရမလား
Chanyeol စိတ်ထဲ မျှော်လင့်ချက်ရောင်ခြည် သေးသေးလေး မြင်လိုက်ရပြီ..။

Just~~~{[Completed]}Where stories live. Discover now