လောင်းထည့်ခြင်းနဲ့အတူ ဝိုင်ဖန်ခွက်ကြည်ကြည်ထဲ နေရာယူလာတဲ့ နီရဲရဲ ဝိုင်အချို့

နီရဲရဲ ဝိုင်ခွက်က်ို လက်သွယ်သွယ်က ယူဆောင်ပြီး မှန်ပြတင်းရှိရာကို မျက်နှာမူကာ အပြင်ရှုခင်းတို့ကို ကြည့်နေသည်။
မျက်နှာရဲ့ မာထန်မှုက အနည်းငယ်မှ လျော့သွားခြင်းမရှိ..။
တင်းတင်းဆုပ်ထားခံရတဲ့ ဝိုင်ခွက်ငယ်ဘဝက သနားစရာအတိ..။

တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမှု အခြေအနေ ပြင်းထန်နေတဲ့ Byun Sajanimပင်...။

%&%&*%&%&

”Byun...မဟုတ်သေးဘူး
Byunbaekhyun အိမ်မှာ ရှိတယ်မလား ”

”သူဌေး အပေါ်ထပ်က သူ့အခန်းမှာ ရှိပါတယ် ”

အဖြေကြားကြားချင်း အပေါ်ထပ်ကို တစ်ချက်မော့ကြည့်ပြီး
တက်သွားမလို့ လုပ်နေတဲ့ Chanyeol ကြောင့်

”ဟိုဟာ..သူဌေးက ဘယ်သူမှ အပေါ်တက်မလာ နဲ့လို့ ပြောထားပါတယ်
အားနာပေမဲ့ မတက်သွားပါနဲ့ ”

Byun စီ သွားမလို့ သူ့ကို လာတားနေတဲ့ ဒီအိမ်က လူတွေကြောင့်.. Chanyeol ခပ်မဲ့မဲ့ ပြုံးပြလိုက်ပြီး သေချာစိုက်ကြည့်ကာ

”Byun ပြောခဲ့တဲ့ 'ဘယ်သူမှ' ဆိုတဲ့ လူတွေထဲမှာ ကိုယ်မပါဘူး
ကိုယ်က Byunee အတွက် သီးသန့် ဖြစ်တည်မှု တစ်ခုပဲဆိုတာ နားလည်ထား ”

သူပြောချင်တာ ပြောပြီး ဘယ်သူ့မှ အဖက်မလုပ်ခဲ့ဘဲ အပေါ်ထပ်က Baekhyun အခန်းစီသာ တန်းတန်းမတ်မတ်ပဲ လျှောက်သွားတဲ့ Chanyeol ပင်..။

အထဲ မဝင်သေးဘဲ တံခါးကို အသာဟပြီး ခေါင်းလေးပဲ ထည့်ကာ ကြည့်တော့
မတ်တပ်ရပ်နေတဲ့ Byun နောက်ကျောပုံစံကို မြင်နေရသည်။

တိတ်တိတ်လေး ဝင်သွားပြီး Byun နောက်ကျောကနေ အသာလေး ၊ ခါးကို ကောင်းနေတဲ့လက်တစ်ဖက်နဲ့ ပွေ့ဖက် ပစ်လိုက်သည်။
Arshii!!  Byun ခါးကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပစ်ချင်တာကို ..
ဒီလိုအချိန် လက်ထိထားတာ တော်တော်ဆိုးတာပဲလို့လည်း တစ်ပြိုင်တည်း တွေးလိုက်မိသေး ။

နောက်လည်း လှည့်မကြည့်လာသလို ရုန်းလည်း မရုန်းတဲ့ Baekhyun ကြောင့်

Just~~~{[Completed]}Where stories live. Discover now