Ig လည်း တင်ချင်စိတ်မရှိတော့တာမလို့ ထွက်လိုက်ပြီး ဖုန်းကို Power ပိတ်ပစ်လိုက်သည်။
စိတ်ထဲမှာလည်း "Byun သေချာပေါက် ကျွန်တော်စီ လာမှာ " လို့လည်း အထပ်ထပ် ပြောနေသေးသည်။
ဇဝေဇဝါ ဖြစ်နေဟန်တူတဲ့ Chanyeol မျက်နှာအရိပ်အယောင်ကို ဖမ်းမိတဲ့ hyung ဖြစ်သူက သနားဂရုဏာသက်ဟန်ကြည့်ရင်း
"မင်းက မချစ်သင့်တဲ့လူကို ချစ်နေမိတာပဲ Chanyeol ah "
တိုးတိုးလေးပြောလိုက်တာမလို့ အာရုံများနေတဲ့ Chanyeol မကြားလိုက်... ။
%&%&*%&%&
ဆေးရုံအတွင်းက်ို ကမူးရှူးတိုး ပြေးဝင်လာတဲ့ လူတစ်ယောက်
"သူဌေးကတော့ လုပ်ပြီ
ဒီလောက် ခရီးအဝေးကို ဘယ်လိုလုပ် ဒီအချိန်နဲ့ ရောက်အောင်လို့.. ။
အရှိန်ဘယ်လောက်တင်ပြီး ကားကို မောင်းလာပါလိမ့် "
4 နာရီခရီးကို 2 နာရီ လောက်နဲ့ ပြန်ရောက်အောင် ကားမောင်းလာတဲ့သူဌေးဖြစ်သူကို လက်ထောက်ကင် မချီးကျူးဘဲမနေနိုင် ။
"ကားမောင်းရင်း တစ်ခုခု ဖြစ်နေမှ!!
ဟင်းးး
Parkchanyeol ကို ကိုယ့်အသက်တောင် ထည့်မတွက်နိုင်တဲ့အထိ ချစ်တာလား သူဌေးရယ် "
တစ်ယောက်တည်း ရေရွတ်ပြောလိုက်ရင်း ပြေးလာလို့ မောနေဟန် ရှိတဲ့ သူဌေးဆီ အပြေးသွားရင်း အကျိုးအကြောင်း ပြောပြဖို့ လုပ်ရတော့သည်။
Chanyeol လိမ်ထားတာကို အရိပ်အမွက်ပြောပြရင်း သူဌေးရဲ့ ဒေါသကို သူလျှော့ချပေးရဦးမည်။
နှစ်ယောက်တွေ့တော့မှ သူ့ကို လိမ်ခေါ်တာ သိရင်
သူဌေး ဒေါသနဲ့ မိုးမီးလောင်လိမ့်မှာ အမှန်တရားပင်။
နှစ်ဦးကြား ပြသာနာသိပ်မရှိရအောင် လက်ထောက်ကင် အလယ်က ဖာထေးပေးရဦးမည်..။
"Sajanim!! "
"လက်ထောက် ကင် "
"ချွေးတွေနဲ့ပါလား သူဌေး
သုတ်လိုက်ပါဦး "
အိတ်ကပ်ထဲက အသင့်ဆောင်နေနေကျဖြစ်တဲ့
လက်ကိုင်ပုဝါစ လှမ်းပေးလိုက်တော့ Sajanim လှမ်းယူပြီး နဖူးက ချွေးစတွေ မျက်နှာက ချွေးတွေကို သုတ်နေသည်။
ပြေးလာလို့ ထွက်တဲ့ ချွေးတွေရော
တစ်လမ်းလုံး ထွက်လာတဲ့ ဇောချွေးတွေရော နေမှာပေါ့ ..။
KAMU SEDANG MEMBACA
Just~~~{[Completed]}
Fiksi Penggemarမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~ 22
Mulai dari awal
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)